Taylor Swift ရဲ့ ”Delicate” Fringe Dress လေးတွေကို ဘယ်မှာဝယ်လို့ ရနိုင်မလဲ?

May 9, 2018

အခုနောက်ပိုင်း မိန်းကလေးတော်တော်များများ စိတ်ဝင်စားနေကြတာကတော့ Taylor Swift ရဲ့ Delicate music video ထဲမှာ ဝတ်ဆင်ထားတဲ့ အပြာရောင် အမွှားဝတ်စုံဒီဇိုင်းလေးဘဲ ဖြစ်ပါတယ်။ သူမကတော့ ဒီ music video ထဲမှာ အပြာရောင် dress တစ်စုံသာဝတ်ဆင်ခဲ့ပြီး က ပြသရုပ်ဆောင်ခဲ့ပါတယ်။ Delicate video နဲ့ပတ်သက်ပြီးတော့လည်း Kenzo ရဲ့ perfume ကြော်ငြာနဲ့ တူနေတယ်ဆိုပြီးတော့လည်း ဝေဖန်မှုတွေ  ရှိခဲ့ပါသေးတယ်။

Taylor Swift ရဲ့ ဒီဝတ်စုံလေးကိုတော့ Naeem Khan ရဲ့ Spring 2018 RTW Dress လေးဖြစ်ပါတယ်။ အင်္ကျီလေးနဲ့ဆင်တူ ဝတ်ဆင်ထားတဲ့ နားကပ်လေးကတော့ Anabela Chan ရဲ့ Sapphire Twinkle Ear-Jacket ဖြစ်ပြီး စျေးနှုန်းကတော့ £610 ဖြစ်ပါတယ်။ သူမရဲ့ ကိုယ်ပိုင်သင်္ကတတစ်ခုလိုဖြစ်နေတဲ့ Sliver Snake Ring ကတော့ သူမရဲ့ Taylor Swift collection ထဲက $60 တန်တဲ့ လက်စွပ်ဘဲဖြစ်ပါတယ်။ Shoe လေးကတော့ Christian Louboutin ရဲ့ Keopump Pump ဆိုတဲ့ $1,195 တန်တဲ့ ဖိနပ်ကို ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။ 

  

  

 နိဂုံးချုပ်အနေနဲ့ သူမရဲ့ဝတ်စုံလေးနဲ့ ပတ်သက်ပြီး သဘောကျလို့ဘဲဖြစ်စေ၊ ဝယ်ယူချင်လို့ဘဲဖြစ်စေ လမ်းညွှန်ပေးရမယ်ဆိုရင်တော့ ASOS brand ထဲမှာ သင့်တင့်တဲ့စျေးနှုန်းနဲ့ မတူသောဒီဇိုင်းလေးတွေ ရှိနေတာကို တွေ့ရပါတယ်။ ပုံမှာပြထားတဲ့ အနက်ရောင်လေးကတော့ $72 ဖြစ်ပြီး အပြာရောင်လက်ပြက်လေးကတော့ $60 ဖြစ်ပါတယ်။ ကဲ ဒါဆိုရင်တော့ Taylor ရဲ့ ဝတ်စုံလေးအကြောင်းကို လက်တို့လိုက်တယ်နော်။

    

Leave a Reply:

Your email address will not be published. Required fields are marked *