Like 3.7M ထိရရှိခဲ့တဲ့ Rihanna ရဲ့ Gucci Fashion

March 6, 2018

Rihanna တစ်ယောက်ကတော့ သူမရဲ့ Fenty beauty cosmetic တွေ နာမည်ရလာပြီးနောက်ပိုင်း သူမရဲ့ fashion တွေကိုလည်း အရင်လိုပြန်ဂရုစိုက်လာတာကို တွေ့ရပါတယ်။ အခုဆို fashion အလန်းစားတွေနဲ့အတူ Instagram ဟာလည်း update အရမ်းဖြစ်နေပါတယ်။

အခုနောက်ဆုံးသူမတင်ထားတဲ့ လူကြိုက်အများဆုံးနဲ့ Like 3.7M ထိရှိနေတဲ့ GUCCI fashion ကတော့ pre-fall 2018 collection ထဲကဖြစ်ပါတယ်။ double-G logo အဆင်နဲ့ Gucci tracksuit ကိုဝတ်ဆင်ထားပြီး အင်္ကျီမှာ အဖြူနဲ့ အပြာ color ကိုရောစပ်ထားပါတယ်။ double-G logo အဆင်ရှိတဲ့ crossbody bag ကိုလည်း လိုက်ဖက်ညီအောင်ဝတ်ဆင်ထားပါသေးတယ်။ ဖိနပ်ကိုတော့ shoe အစိမ်းရောင်လေးနဲ့ ပေါင်းစပ်ဝတ်ဆင်လိုက်ပြီး ထူးခြားနေတာတစ်ခုကတော့ နားကပ်ကိုပါ dragon အစိမ်းရောင်ဝတ်ဆင်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။ သူမအနေနဲ့ Gucci runway show က Model တွေ baby dragon တွေကိုင်ပြီး show လျှောက်တာကို inspired ယူဝတ်ဆင်ထားတယ်လို့ဘဲ ထင်မိပါတယ်။

 

?

A post shared by badgalriri (@badgalriri) on

Leave a Reply:

Your email address will not be published. Required fields are marked *