ဖက်ရှင်နဲ့ ပတ်သက်ပြီး အဆန်းအပြားတွေ ဝတ်တတ်တဲ့ Lady Gaga ဟာ ၂၀၁၉ နှစ်အတွက် Golden Globes ပွဲကို အပြာရောင် dress နဲ့ တတ်ရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ စက်တင်ဘာလက ကျင်းပခဲ့တဲ့ Venice Film Festival ပွဲမှာတုန်းကတော့ ငှက်မွေးအတောင် ပန်းရောင် ဂါဝန်နဲ့…

TV star တစ်ယောက်ဖြစ်တဲ့ Kim Kardashian ဟာဆိုရင် Kim Kardashian West လို့အမည်ပေးထားတဲ့  ကိုယ်ပိုင်လက်ကိုင်အိတ်ဒီဇိုင်းတွေကို ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ ကိုယ်ပိုင်ဒီဇိုင်းကို မိတ်ဆက်တဲ့အခါမှာလည်း သူမရဲ့ သမီးလေးက အကူအညီပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ခရစ်စမတ်နေ့တုန်းက Kardashian-Jenner မိသားစုတွေအကုန်လုံး စုံစုံညီညီရှိခဲ့ပါတယ်။ ဒီအချိန်မှာ  Kim Kardashian က သမီးနဲ့ တူမတွေကို ခရစ်စမတ်လက်ဆောင်အဖြစ် ဒေါ်လာ…

သာမန်အရပ်သူ တစ်ယောက်ဖြစ်တဲ့ Meghan Markle ဟာ ပြီးခဲ့တဲ့ ၂၀၁၈ နှစ်လယ်လောက်မှာ တော်ဝင်မင်းသား Harry နဲ့ လက်ထပ်ဖြစ်ခဲ့ပြီး၊ တော်ဝင်မင်းသမီး တစ်ယောက် ဖြစ်လာခဲ့ရတာကို တစ်ကမ္ဘာလုံးလည်း သိပြီးသား နေမှာပါ။ အဲဒီတော့ သူမရဲ့ ကံကြမ္မာကို ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အမျိုးသမီး တော်တော်များများက အားကျကြမှာ…

“နုပြီးလှနေတာပဲ” ဆိုတဲ့ စကားဟာဆိုရင် မိန်းကလေးတိုင်း ကြားချင်တဲ့ စကားလေးတစ်ခွန်းပါ။ အထူးသဖြင့် ရှိရင်းစွဲထက် ပိုငယ်ချင်ကြပါတယ်။ နုပျိုပြီး ငယ်ရွယ်စေတဲ့ လျှို့ဝှက်ချက်ထဲမှာ အဝတ်အစားရွေးချယ်ခြင်းကလည်း အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ ကိုယ်နဲ့ လိုက်ဖက်တဲ့ အဝတ်အစားကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်တာက ငယ်ရွယ်နုပျိုတာကို ပိုင်ဆိုင်စေနိုင်တဲ့အပြင် အသက်အရွယ်နဲ့ အသားအရေကိုပါ အဝတ်အစားက…

တချို့သော စုံတွဲတွေဟာ စိတ်အဆင် မပြေနိုင်တဲ့အခါ ပြတ်စဲလိုက်ကြ၊ ဒါပေမဲ့ မပြတ်နိုင်တဲ့ အခါကျပြန်တော့လည်း ပြန်တွဲလိုက်ကြနဲ့ လုပ်တတ်ကြပါတယ်။ အဲဒီလို မတည်ငြိမ်တဲ့ အချစ်ရေးတွေကို ဖန်တီးတတ်ကြတဲ့ နာမည်ကျော် စုံတွဲတွေထဲမှာ စူပါမော်ဒယ် တစ်ယောက်ဖြစ်တဲ့ Gigi Hadid နဲ့ အဆိုတော် Zyan Malik တို့စုံတွဲဟာလည်း…

ကမ္ဘာ့တင်ပါးအလှဆုံး ဟောလိဝုဒ်အဆိုတော်၊ မင်းသမီး Jennifer Lopez ဟာဆိုရင် ဘာပဲဝတ်ဝတ် သူမရဲ့ တင်ပါးအလှပေါ်လွင်အောင် ဝတ်ဆင်လေ့ရှိပါတယ်။ မကြာခင် ထွက်ရှိတော့မယ့် ‘Second Act’ ရုပ်ရှင်မိတ်ဆက်ပွဲနဲ့ အလုပ်ရှုပ်နေတဲ့ သူမဟာဆိုရင် ချစ်သူ Alex Rodriguez နဲ့ ဈေးဝယ်ထွက်ခဲ့ကြပါတယ်။ ပန်းနုရောင် ဆွဲသား အင်္ကျီအပွနဲ့ ဘောင်းဘီအပွကို လိုက်ဖက်ညီအောင် ဝတ်ဆင်ထားတာကို တွေ့ရပြီး နေကာမျက်မှန်၊ ရွှေရောင်နားကပ်နဲ့ အိတ်ကြီးကြီးကိုလည်း…

အမေရိကန်နိုင်ငံက ထိပ်တန်း အမျိုးသမီးအဆိုတော် တစ်ယောက်ဖြစ်သလို၊ သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ Rihanna ဟာ ဒီဘက်နှစ်တွေမှာ အနုပညာအလုပ်တွေသာမက ပြင်ပစီးပွားရေး လုပ်ငန်းတွေကိုပါ အင်နဲ့အားနဲ့ လုပ်နေခဲ့တာကို အားလုံးလည်း သိပြီးသားဖြစ်မှာပါ။ အနုပညာအသိုင်းအဝိုင်းက လုပ်ဖော်ကိုင်ဖက် အနုပညာမောင်နှမတွေအပြင် ပရိသတ်တွေကပါ ချစ်စနိုးနဲ့ RiRi လို့ ခေါ်ကြတဲ့ Rihanna ဟာ…

Kylie Jenner ဟာဆိုရင် နာမည်ကျော် ထိပ်တန်းမော်ဒယ်တစ်ဦးဖြစ်သလို Kylie cosmetic ပိုင်ရှင်လည်းဖြစ်ပါတယ်။ သူမရဲ့ ဖက်ရှင်တွေကို မီဒီယာတွေမှာ မကြာခဏတိုင်း တွေ့ရပါတယ်။ ခန္ဓာကိုယ်လှပသူတစ်ယောက်ဖြစ်တာကြောင့် သူမဝတ်ဆင်တဲ့ ဝတ်စုံတွေကို အားလုံးက စိတ်ဝင်စားကြပါတယ်။ ဖက်ရှင်ပိုင်းမှာလည်း သူမကိုယ်တိုင် ထုတ်လုပ်ထားတဲ့ ဝတ်စုံတွေရှိသလို အစ်မဖြစ်တဲ့ Kendall Jenner…

ပေါ့ပေါ့ပါးပါး ဝတ်ဆင်လို့ရနိုင်တဲ့ တီရှပ်လေးတွေက နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး လွတ်လပ်မှုကို အပြည့်အဝရစေပါတယ်။ တီရှပ်လေးတွေကို ဂျင်းဘောင်းဘီရှည်နဲ့ စတိုင်ကျကျ ဝတ်ဆင်နိုင်သလို စကတ်အဝဲလေးတွေနဲ့လည်း လူငယ်ဆန်ဆန်ဝတ်ဆင်လို့ရပါသေးတယ်။  အခုနောက်ပိုင်း လူငယ်တွေကြား တီရှပ်တွေကို ဘောင်းဘီ အတို၊ အရှည်မျိုးစုံနဲ့ တွဲဖက်ဝတ်ဆင်လာကြပါတယ်။ တီရှပ်အင်္ကျီတွေရဲ့ အားသာချက်ကတော့ လွတ်လပ်တယ်။ ပေါ့ပါးတယ်။ အကြမ်းခံတယ်။ လေဝင်လေထွက်ကောင်းတယ်။…

ခရစ်စမတ်နဲ့ နယူးရီးယား ရှိတဲ့ ဒီဇင်ဘာလမှာ နှစ်ကုန် မိတ်ဆုံစားပွဲတွေ၊ ညပိုင်းဧည့်ခံပွဲတွေ ပျိုမေတို့ တက်ရောက်ရတော့မှာပါ။ ဒီလိုပွဲတွေမှာ လုပ်ငန်းပါတနာတွေ၊ မိတ်ဆွေတွေနဲ့ သူငယ်ချင်းတွေ အကုန် တက်ရောက်ကြမှာမို့ အဝတ်အစားကို ဖြစ်သလို ဝတ်လို့မရတော့ပါဘူး။ တက်ရောက်ရမယ့်ပွဲနဲ့ လိုက်ဖက်တဲ့ ဝတ်စုံကို ရွေးချယ်ရပါတယ်။ ဒါနဲ့ပတ်သက်လို့ ပွဲတက်ဝတ်စုံတွေကို ရွေးချယ်ရခက်နေတယ်ဆိုရင်တော့…