ZARA က ‘Click And Collect’ ဆိုင်ကို ဖွင့်လှစ်တော့မယ့်အကြောင်း ကြေညာ

January 31, 2018

စပိန်ဖက်ရှင်ကုမ္ပဏီကြီးက ၎င်း၏ပွဲဦးထွက် ’click-and-collect’ ဆိုတဲ့ Onlin store ဆိုင်ကို စတင်မိတ်ဆက်ပေးလိုက်ပါတယ်။ ZARA မှာ စျေးဝယ်အလေ့အထရှိရှိတဲ့သူတွေအတွက် တော်တော်လေးအဆင်ပြေနိုင်စေမယ့် ဆိုင်ဖြစ်ပါတယ်။ Inditex ရဲ့ကိုယ်ပိုင်တံဆိပ်ဖြစ်တဲ့ ZARA Onlin store ကို London ရဲ့ Westfield Stratford City မှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး ပထမဉီးဆုံးဆိုင်လည်းဖြစ်ပါတယ်။
အခု မေလမှာ စတင်ဖွင့်လှစ်နိုင်ရန်အတွက် လက်ရှိ ZARA ကို ပြုပြင်ဖို့ရန် ခေတ္တခဏပိတ်ထားပါတယ်။ Customer တွေဘက်က  online ကနေတင်လိုက်တဲ့ order တွေကို ကူညီပေးနိုင်ဖို့အတွက် Store staff တွေက mobile device တွေနဲ့အတူရှိနေမှာ ဖြစ်ပါတယ်။ နေ့ခင်း ၂နာရီထိ ရရှိနိုင်မှာဖြစ်ပြီး ဒါမှမဟုတ် နောက်ရက် နေ့ခင်းမှာရနိုင်မှာလည်း ဖြစ်ပါတယ်။ အခုလို့ Online store ကို ‘fast fashion’ လို့တောင် တင်စားခေါ်ဝေါ်နေကြပါတယ်။
item တွေ မှန် မမှန် အတွက်တော့ radio frequency identification (RFID) technology နဲ့ ပစ္စည်းရဲ့ size အမျိုးအစားအားလုံးကို scan ဖတ်ပေးမှာပါ။ အခုလို Onlin store ဆိုင်ကို စတင်ဖွင့်လှစ်လိုက်ခြင်းကြောင့် Online World နဲ့ပေါင်းစပ်လိုက်ခြင်းဟာ သူတို့ရဲ့ တခြားဉီးတည်ချက်တွေအတွက်ပါ business strategy ဖြစ်တယ်ဆိုတဲ့အကြာင်းကို ယုံကြည်နေပါတယ်ဆိုပြီး Inditex ရဲ့ CEO ကပြောကြားလိုက်ပါတယ်။

Leave a Reply:

Your email address will not be published. Required fields are marked *