ZARA ရဲ့ ယခုလက်ရှိ sale ချနေသော အနွေးထည်များ…..

January 2, 2018

New Year အတွက် ZARA တွေ sale ချနေတာ ကြောက်ဖို့တောင်ကောင်းတယ်နော်။ 70%, 60%, 50% လောက်တောင်ချနေတာဆိုတော့ လက်မလွှတ်သင့်ဘူးလို့ ထင်ပါတယ်။ တချို့ကျလည်း ဘန်ကောက်သွားရင်းဝယ်ကြတယ်။ တချို့ကျတော့လည်း official website တွေနဲ့ ချိတ်ထားပြီးစိတ်ချရတဲ့ online shopping တွေကနေတဆင့် ဝယ်ယူကြပါတယ်။  အနွေထည်တွေဆို အရမ်းကိုတန်ပါတယ်။ ဒီအချိန်မှာဝယ်ထားမယ်ဆိုရင်တော့ စျေးသက်သက်သာသာနဲ့ရနိုင်ပါတယ်။ ဒါဆိုဘယ်လိုဒီဇိုင်းတွေပါလည်းဆိုတာ ကြည့်လိုက်ရအောင်နော်။

ဒီဒီဇိုင်းလေးဆိုရင် လူငယ်ရောလူကြီးရောအတွက်ပါ လိုက်ဖက်တဲ့ ဒီဇိုင်းလေးဖြစ်ပါတယ်။ One color ပါ။ မူရင်းစျေး 89.99 USD လက်ရှိမှာတော့ 59.99 USD လောက်ဘဲရှိပါတော့တယ်။

  

ဒါလေးကတော့ ဗြောင်ဒီဇိုင်းလေးပါ။ လူကြီးလူငယ်အကုန်ဝတ်လို့ရပြီး ထူထူလေးနဲ့ style ထုတ်လို့ရတဲ့ ဒီဇိုင်းလေးဖြစ်ပါတယ်။ မူရင်းစျေး 119 USD ရှိပြီး sale ချတဲ့ကာလမှာ 79.99 USD ဘဲရှိပါတော့တယ်။

  

ဒီခါးရှည်လေးကလည်း အသက်ရွယ်မရွေးဝတ်လို့ရပါတယ်။ မူရင်းစျေး 149.00 USD ဖြစ်ပြီး လက်ရှိ 99.99 USD လောက်ဘဲရှိပါတော့တယ်။

  

ဒါလေးကတော့ လူငယ်ဆန်ဆန်နဲ့ သိပ်လှတဲ့ ဒီဇိုင်းလေးနော်။ one color ဖြစ်လို့အရောင်တစ်ရောင်တည်းသာ ထွက်ပါတယ်။ မူရင်းစျေး 169USD ဖြစ်လို့ ယခုလက်ရှိ 119.99 USD သာရှိတော့တာမို့ တော်တော်လေးတန်တယ်ဆိုတာထက်ကို ပိုတန်ပါတယ်နော်။

  

ဒါလေးကတော့ အရမ်းအေးတဲ့နေရာမျိုးတွေမှာသင့်တော်တဲ့ design လေးဖြစ်ပါတယ်။ အမွှေးပွခေါင်းစွတ်လေးပါဝင်ပြီး အအေးဒဏ်ကို အပြည့်အဝလုံလုံခြုံခြုံကာကွယ်ပေးနိုင်မှာ သေချာပါတယ်။ သူ့ရဲ့စျေးနှုန်းလေးကတော့ မူရင်းစျေး 119USD ဖြစ်ပြီး လက်ရှိမှာတော့ 79.99 USD လောက်ဆိုတော့ တန်ပြီပေါ့နော်။

  

  

ဒါလေးကတော့ အရောင်၂မျိုးရှိပါတယ်။ ကတ္တီပါသားလေးဖြစ်ပြီး တော်တော်လေးထူလို့ နွေးနေမှာသေချာပါတယ်။ မူရင်းစျေး 149 USD ဖြစ်ပြီး အခု 99.99 USD နဲ့ရောင်းချပေးနေပါတယ်။

  

ဒီ TEXTURED HOOD ဒီဇိုင်းလေးနဲ့ COAT လေးကတော့ အမွှေးပွခေါင်းစွတ်လေးပါဝင်ပြီး ဆောင်းတွင်းမှာ Style ခပ်မိုက်မိုက်နဲ့ လန်းချင်တဲ့သူတွေအတွက် အဆင်ပြေနိုင်တဲ့  coat လေးဖြစ်ပါတယ်။ မူရင်းစျေး 219 USD ဖြစ်ပြီး လက်ရှိမှာတော့ 119.99 USD ဖြစ်ပါတယ်။ တန်တယ်နော်။

  

ဒီအမွှေးပွနွေးထည်ဒီဇိုင်းလေးကတော့ ခပ်မိုက်မိုက် smart ကျကျကိုကြိုက်တဲ့ မိန်းကလေးတွေအတွက် ပိုသင့်တော်ပါတယ်။ color လေးတွေစပ်ထားတာလည်း တော်တော်လေးလှပါတယ်။ မူရင်းစျေး 149 USD ဖြစ်ပြီး အခု 99.99 USD နဲ့ရောင်းချပေးနေပါတယ်။

New Year Sale  ဖြစ်တဲ့အတွက် တခြားကြိုက်နှစ်သက်တဲ့  ZARA  ရဲ့ဒီဇိုင်းများကို သိချင်သေးတယ်ဆိုရင်တော့ သူတို့ရဲ့ official website မှာ ဝင်ကြည့်လို့ရနိုင်ပါတယ်နော်။

 

Leave a Reply:

Your email address will not be published. Required fields are marked *