ပွဲတက်ဝတ်စုံရဲ့အလှပေါ်လွင်အောင် ဖိနပ်ကို ဗစ်တိုးရီးယားဘက်ခမ်း ဘယ်လိုရွေးချယ်လဲ?

December 12, 2018

ဖက်ရှင်လောကမှာ ဗစ်တိုးရီးယားဘက်ခမ်းကို မသိတဲ့သူ မရှိသလောက်ပါပဲ။ လူတိုင်းအားကျလောက်တဲ့ မိသားစုကို ပိုင်ဆိုင်ထားတဲ့အပြင် ဖက်ရှင်လောကမှာလည်း အောင်မြင်တဲ့ ဒီဇိုင်နာတစ်ဦးအနေဖြင့် မီဒီယာတွေရဲ့ အာရုံစိုက်ခြင်းခံရသူတစ်ယောက်ပါ။ ဗစ်တိုးရီးယားဘက်ခမ်းကို ဘယ်အချိန်ပဲကြည့်ကြည့် ကျော့ရှင်းနေတတ်ပါတယ်။ မိတ်ကပ်၊ အဝတ်အစား၊ ဖိနပ်၊ အိတ် အပြစ်ပြောစရာ မရှိလောက်အောင် စမတ်ကျကျနေသူတစ်ယောက်ပါ။

ကျော့ရှင်းတဲ့ အသွင်ကို ပိုင်ဆိုင်နိုင်ဖို့ဆိုတာ အဝတ်အစား ဒါမှမဟုတ် ဝတ်စုံနဲ့ လိုက်ဖက်တဲ့ ဖိနပ်တစ်စုံတော့ ရှိနေရပါမယ်။ အဝတ်အစားက ဘယ်လောက်ပဲ လှနေ လှနေ ဖိနပ်နဲ့ မလိုက်ဖက်ဘူးဆိုရင်တော့ အောက်သွားမှာ အသေအချာပါပဲ။ ဒါကိုလည်း ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ ဗစ်တိုးရီးယားဘက်ခမ်းက သိထားပါတယ်။ သူမရဲ့ ပွဲတက်ဖက်ရှင် ဒီဇိုင်းတွေကို ကြည့်ခြင်းအားဖြင့် မိတ်ကပ်နဲ့ ဝတ်စုံအပြင်အဆင်သာမက လိုက်ဖက်ညီတဲ့ ဖိနပ်ကို အမြဲစီးတာတွေ့ရပါတယ်။ ဒီလိုပြည့်စုံလို့လည်း သူမဟာ အမြဲကျော့ရှင်းနေတာပါ။

အနီးဆုံးဥပမာကို ပြောပြရရင်တော့ ပြီးခဲ့တဲ့မေလလောက်တုန်းက ဗြိတိန်မင်းသားဟယ်ရီနဲ့ Meghan Markle’s တို့ရဲ့ မင်္ဂလာဆောင်တက်ရောက်လာတဲ့ ဗစ်တိုးရီးယားဘက်ခမ်းရဲ့ ဖက်ရှင်ကို ကြည့်လိုက်ရင် သိနိုင်ပါတယ်။ နေရာဒေသနဲ့ လိုက်ဖက်ညီအောင် ဝတ်ဆင်နိုင်တာက သူမရဲ့ အားသာချက်လို့ ပြောလို့ရပါတယ်။

အပြာရောင် လက်ရှည် dress ကို ဝတ်ဆင်ထားပါတယ်။ ဒီအပြာရောင်လက်ရှည် dress ကို ပေါ်လွင်စေဖို့အတွက် အနီရောင်ဖိနပ်စီးထားတာကို တွေ့ရပါတယ်။ ဗြိတိန်းနန်းတော်နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ပုံစံ မျိုး ထင်ဟပ်စေတယ်လို့ ပြောကြပါတယ်။ အရောင်နှစ်ခုက ဆန့်ကျင်နေပေမယ့်လည်း ဝတ်စုံကို ပိုပြီး ထင်ရှားစေပါတယ်။ ဖိနပ်နဲ့ ဝတ်စုံကို အရောင်တူတူ ဝတ်ဆင်လိုက်မယ်ဆိုရင် dress က မပေါ်လွင်တော့တာကို ဗစ်တိုးရီးယားဘက်ခမ်းက သိနေပါတယ်။

ဗစ်တိုးရီးယားဘက်ခမ်း အများဆုံးစီးတဲ့ ဖိနပ်ကတော့ ဒူးအထိရောက်တဲ့ ဘွတ်ဖိနပ်တွေပါ။ မီဒီယာမှာပါလာတဲ့ သူမရဲ့ ထသွားထလာ ဓါတ်ပုံတွေကို ကြည့်ရင် သိနိုင်ပါတယ်။ ပွဲတွေ တက်ရောက်လာတဲ့အခါမှာတော့ ဝတ်ဆင်လာတဲ့ dress နဲ့ ဆန့်ကျင်ဖက် ဖိနပ်တွေကို အများဆုံး စီးပါတယ်။ သူမရဲ့ dress ကို ပေါ်လွင်ဖို့အတွက် ဒီလို ဆန့်ကျင်တဲ့ အရောင်တွေ တွဲဖက်ဝတ်ဆင်တယ်ဆိုတာ သိသာထင်ရှားနေပါတယ်။ ဗစ်တိုးရီးယားဘက်ခမ်းကတော့ ဖက်ရှင်လောကမှာ အောင်မြင်တဲ့ ဒီဇိုင်းတွေ  ထုတ်လုပ်နိုင်တဲ့အပြင် သူမကိုယ်တိုင်ကလည်း စံထားရလောက်တဲ့ စံပြဒီဇိုင်နာတစ်ဦးပါပဲနော်။

Leave a Reply:

Your email address will not be published. Required fields are marked *