Valentine’s Day ကို ချစ်သူအတွက် ဘာတွေပြင်ဆင်ပြီးပြီလဲ……

January 29, 2018

မကြာခင်ကျရောက်လာတော့မယ့် Valentine’s Day အတွက် အရမ်းချစ်ရတဲ့ချစ်သူကို တန်ဖိုးထားပြီးလက်ဆောင်ပေးတဲ့ အလေ့အကျင့်လေးတွေဟာ အခုဆိုမြန်မာနိုင်ငံမှာပါ လူတိုင်းနီးပါးအတွက် လုပ်ထုံးလုပ်နည်းလေးတွေဖြစ်လာပါတယ်။ ဒါကြောင့်မို့ ကိုယ်မြတ်နိုးတန်းဖိုးထားရတဲ့ ချစ်ရသူကို သင်ရော လက်ဆောင်လေးတွေပေးဖို့ ပြင်ဆင်ပြီးပြီလား? မပြင်ဆင်ရသေးဘူးဆိုရင်တော့ သင့်ချစ်သူကိုလက်ဆောင်ပေးဖို့အတွက် တစ်ကမ္ဘာလုံးက website တွေမှာ recommand ပေးခြင်းခံရတဲ့ Valentine’s Day Gift လေးတွေကို ဖော်ပြပေးလိုက်မယ်နော်။

ဒီ earring လေးကိုတော့ မြန်မာလိုဆို ခရမ်းဆွဲကျောက်သဘောမျိုးပေါ့နော်။ ဒါလေးကလည်း recommand ပေးခြင်းခံရတဲ့ ပစ္စည်းလေးတမျိုးဖြစ်ပါတယ်။ ခရမ်းဆွဲကျောက်လေးကို စိန်လေးတွေနဲ့ ဝန်းရံထားပြီး ရိုးရှင်းတဲ့ နားကပ်လှလှလေးတစ်စုံဖြစ်ပါတယ်။ သူ့ကိုတော့ Lilac Cubic Zirconia Stud Earrings လို့ခေါ်ပြီး NEW LOOK ကထုတ်လုပ်ထားတာပါ။ မိန်းခလေးတိုင်းနီးပါး ခရမ်းဆွဲကြိုက်တာကြောင့် လက်ဆောင်ပေးလို့ကောင်းတဲ့ ပစ္စည်းလေးဆိုတာ သေချာပါတယ်။ နားကပ်လေးရဲ့ စျေးနှုန်းကတော့ $9.88 ပါတဲ့….။

            

ဒီတခါတော့ နာရီလေးပါ။ Valentine’s Day မှာအမှတ်တရအနေနဲ့ နာရီတွေလည်း လက်ဆောင်ပေးတက်ကြပါတယ်။ မိန်းကလေးတော်တော်များများကလည်း နာရီတွေစုဆောင်းရတာ ဝါသနာပါကြတော့ နာရီလက်ဆောင်ရခဲ့ရင်လည်း သိပ်သဘောကျတာပေါ့။ ဒီနာရီလေးကတော့ CASE CUFF BLACK DIAL & GOLD လို့ခေါ်ပြီး London brand တစ်ခုဖြစ်တဲ့ Olivia Burton ကထုတ်လုပ်ထားတာဖြစ်ပါတယ်။ ရိုးရှင်းတဲ့ဒီဇိုင်းနဲ့ အနက်ရောင်နာရီလေးပေါ်မှာ ရွှေရောင်ပန်းပွင့်လေးတွေ အလှဆင်ထားလို့ ဘယ်လိုအဝတ်စားဒီဇိုင်းမျိုးနဲ့မဆို လိုက်ဖက်မှုရှိနိုင်ပါတယ်။ နာရီလက်ပတ်ကြိုးကလည်း ပျော့ပျောင်းတဲ့ leather ကြိုးနဲ့ ပြုလုပ်ထားလို့ ease ဖြစ်နေမှာသေချာပါတယ်။ သူ့ရဲ့စျေးနှုန်းကတော့ $162.42 ဖြစ်ပါတယ်နော်။

ဒီ ring လေးကတော့ SOLANGE ကထုတ်လုပ်တဲ့ Hotlip ring လေးဖြစ်ပါတယ်။ ဒီ ring လေးရဲ့ သင်္ကေတကတော့ နှုတ်ခမ်းလေးပေါ်မှာ အနီရောင်အသဲပုံလေးနဲ့မို့ Valentine’s Day နဲ့လိုက်ဖက်တဲ့ လက်ဆောင်လေးဆိုတာ သေချာပါတယ်။ စျေးနှုန်းလေးကတော့ $260 ဖြစ်ပါတယ်။

   

ဒါလေးကတော့ ထူးခြားတဲ့နာရီလေးဆိုလည်း မမှားပါဘူး။ DKNY ထုတ်လုပ်ထားတဲ့ hybrid smartwatch လေးလည်းဖြစ်ပါတယ်။ သူ့ရဲ့ထူးခြားချက်ကတော့ သင့်ရဲ့ smartphone နဲ့  join လို့ရနိုင်တာပါ။ ဖုန်းထဲမှာ DKNY Minute app ကိုထည့်ထားပြီး လက်ကောက်ဝတ်မှာ ဝတ်ဆင်ထားရုံနဲ့ music နားထောင်လို့ရမယ်။ ဖုန်းနဲ့ selfie ရိုက်တဲ့အချိန် နာရီနဲ့ snap ဖမ်းလို့ရနိုင်မှာပါဖြစ်ပါတယ်။ stainless steel ဖြစ်ပြီး Android 4.3+ and iOS 9.0+ နဲ့ join နိုင်မှာဖြစ်ပါတယ်။ သူ့ရဲ့စျေးနှုန်းလေးကတော့ $155 ဖြစ်ပါတယ်။

   

ဒီတခါတော့ Seraph Halo Necklace လို့ခေါ်တဲ့ လည်ဆွဲလေးဖြစ်ပါတယ်။ Necklace လေးတွေစုဆောင်းရတာကြိုက်တဲ့ မိန်းကလေးတွေဆိုရင်တော့ ဒါလေးကိုရရင်တအားပျော်မှာသေချာပါတယ်။ ပတ္တမြားသေးသေးလေးတွေကို 18kt gold နဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။ daily lifestyle မှာလည်း အသုံးပြုလို့ရသလို အသက်အရွယ်မရွေးဝတ်ဆင်လို့ရနိုင်တဲ့ Design လေးလည်းဖြစ်ပါတယ်။ စျေးနှုန်းလေးကတော့ $1379 ဖြစ်ပါတယ်။

Valentine’s Day အတွက်မပါမဖြစ်ကတော့ chocolate ပါ။ ဒါလေးကတော့ Hotel Chocolate ကထုတ်လုပ်ထားတဲ့ Valentine’s Day အထူးစပါယ်ရှယ် chocolate ဆိုလည်းမမှားဘူးပေါ့။ ၂၇ခုပါဝင်တဲ့ အသဲပုံ chocolate လေးတွေကို ဒီဇိုင်းမတူအောင်ထုတ်လုပ်ထားတဲ့ Valentine Chocolate Box လေးဖြစ်ပါတယ်။ သူ့ရဲ့စျေးနှုန်းလေးကတော့ $31.83 ဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ Valentine’s Day မှာချစ်သူကို ဘာပေးရမလဲစဉ်စားရခက်နေတဲ့ သူတွေအတွက် အတော်လေးအဆင်ပြေသွားပြီထင်ပါတယ်။ ဖော်ပြထားတဲ့ ပစ္စည်းတွေကို တပုံစံတည်းရနိုင်ဖို့ ခဲယဉ်းမယ်ဆိုရင်တောင် ဘယ်လိုပစ္စည်းလေးတွေ ပေးသင့်သလဲ ကြိုက်နှစ်သက်နိုင်မလဲဆိုတာကိုတော့ သိနိုင်မယ်လို့ ထင်ပါတယ်နော်။ brand မတူရင်တောင် ပုံစံတူလေးတွေ ရနိုင်တာမို့ Valentine’s Day မှာ ချစ်သူရဲ့ပျော်ရွှင်မှုတွေကို လက်ဆောင်လှလှလေးတွေနဲ့ ဖန်းတီလို့ရနိုင်ပါပြီနော်…..

Leave a Reply:

Your email address will not be published. Required fields are marked *