အိတ်ချစ်သူများအတွက် လှပဆန်းသစ်ပြီး စျေးအရမ်းမကြီးတဲ့ Handbag Collection

January 22, 2018

အမျိုးသမီးတစ်ယောက်ရဲ့ Fashion အတွက် မပါမဖြစ်အရေးကြီးတဲ့ ပစ္စည်းတစ်ခုကတော့ ပိုက်ဆံအိတ်လည်း ပါဝင်ပါတယ်။ Fashion ဘယ်လောက်ကျကျ လက်ဗလာနဲ့ဆို ကြည့်လို့လည်းမကောင်းသလို ကိုယ်ရွေးချယ်လိုက်တဲ့ အိတ်ကလည်း ကိုယ်ဝတ်ဆင်ထားတဲ့ အဝတ်စားဒီဇိုင်းနဲ့ လိုက်ဖက်မှုရှိဖို့ လိုအပ်သလို ပေါ်လွင်နေဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့်မို့ အရမ်းလည်းစျေးမကြီးဘဲ Fashion ကျလှပနိုင်မယ့် အိတ်ဒီဇိုင်းလှလှလေးတွေကို ဖော်ပြပေးလိုက်ချင်ပါတယ်။

ပထမဦးဆုံးပြချင်တဲ့ အိတ်လေးကတော့ VALEXTRA ဆိုတဲ့ brand ကထုတ်လုပ်ထားတဲ့ ISIDE MINI BAG လေးဘဲဖြစ်ပါတယ်။ အိတ်ရဲ့ဒီဇိုင်းကတော့ ရိုးရှင်းပြီး အရောင်မျိုးစုံလည်း ထွက်ရှိထားပါတယ်။ ဘယ်အချိန်မှာဘဲကိုင်ကိုင် ဘယ်လိုအဝတ်အစားမျိုးနဲ့ တွဲဖက်လိုက်ရင်ဘဲဖြစ်ဖြစ် လိုက်ဖက်မှုရှိပါတယ်။ အိတ်ရဲ့ စျေးနှုန်းကတော့ $159 ဖြစ်ပြီး အရမ်းစျေးမကြီးဘဲ ပွဲတိုးတာကြောင့် မိန်းကလေးအများစုကြိုက်နှစ်သက်နေတဲ့ အိတ်တစ်လုံးလည်း ဖြစ်ပါတယ်နော်။


ဒီအိတ်လေးကတော့ မြင်လိုက်တာနဲ့ လုံးဝဆွဲဆောင်မှု့ရှိတဲ့ အိတ်လေးဆိုအလှအပကိုခံစားတတ်တဲ့ အမျိုးသမီးတိုင်းသိပါတယ်နော်။ အိတ်လေးကို ZARA ကထုတ်လုပ်ထားတာဖြစ်ပြီး ချစ်စရာကောင်းတဲ့ box ပုံစံဒီဇိုင်းလေးနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး ရွှေရောင်လေးဆိုတော့ နန်းဆန်ဆန်လှချင်တဲ့ အမျိုးသမီးတိုင်းရှိထားသင့်တဲ့ လက်ကိုင်အိတ်လေးတစ်လုံးလည်း ဖြစ်ပါတယ်နော်။ စျေးနှုန်းလေးကတော့ $97.14 ဖြစ်ပါတယ်။

  

အင်မတန်မှချစ်စရာကောင်းတဲ့ ဒီအိတ်လေးကတော့ STAUD က GRACE BAG FUCHSIA ဖြစ်ပြီး လူငယ်ဒီဇိုင်းလေးဖြစ်ပါတယ်။ အမျိုးသမီးငယ်လေးများ အရမ်းကြိုက်နှစ်သက်တဲ့ အိတ်လေးဖြစ်ပြီး အရောင်မျိုးစုံထွက်ရှိပါတယ်။ စျေးနှုန်းလေးကတော့ $250 ဖြစ်ပါတယ်။ 

  

အရမ်းချစ်စရာကောင်းတဲ့ METALLIC အိတ်လေးကတော့ ZARA ကထုတ်လုပ်ထားတာဖြစ်ပြီး METALLIC MESH MINI CROSSBODY BAG WITH CLASP ဆိုတဲ့အိတ်လေးဖြစ်ပါတယ်။ စျေးနှုန်းလေးကတော့ $27.69 ဖြစ်ပါတယ်။

    

ဒီရွှေဝါရောင်အိတ်လေးကတော့ H&M ကထုတ်လုပ်ထားတဲ့ Shoulder bag လေးဖြစ်ပါတယ်။ $26.33 ဖြစ်ပြီး လူကြီးလူငယ်မရွေး လိုက်ဖက်တဲ့ ဒီဇိုင်းလေးပါ။ ရွှေဝါရောင်လေးဆိုတော့ ဘာလေးနဲ့ဝတ်ဝတ်လိုက်ဖက်မှု့ပေးနိုင်တဲ့ အရောင်လေးလည်း ဖြစ်ပါတယ်။

  

& OTHER STORIES ရဲ့ ဒီအိတ်လေးကတော့ လူကြီးဆန်တဲ့ဒီဇိုင်းလေးဖြစ်ပြီး လူငယ်အမျိုးသမီးလေးတွေ ကိုင်လိုက်ရင်လည်း ထူးထူးခြားခြားနဲ့ ပေါ်လွင်လှပနေစေမယ့် ဒီဇိုင်းလေးဖြစ်ပါတယ်။ ဗိုလ်ဆန်ဆန်အရောင်လေးနဲ့ လှပဆန်းသစ်တဲ့ ဒီဇိုင်းကြောင့် မြင်သူတိုင်းကြိုက်နှစ်သက်မှာ အမှန်ဘဲနော်။ စျေးနှုန်းလေးကတော့ $62.38 ဖြစ်ပါတယ်။

       

ကြိမ်ခြင်းပုံစံလေးနဲ့ ထုတ်လုပ်ထားတဲ့ TOPSHOP ကခြင်းလေးကတော့ unique ဖြစ်ခြင်တဲ့ သူတွေအတွက် ရှိထားသင့်တဲ့ item တစ်ခုပါ။ သူ့ရဲ့စျေးနှုန်းလေးကတော့ $36.06 ပါတဲ့နော်။

        

နောက်ဆုံးအနေနဲ့ ဖော်ပြပေးချင်တဲ့ အိတ်လေးကတော့ MANGO က Check shopper bag ဆိုတဲ့ အိတ်လေးဘဲဖြစ်ပါတယ်။ ဒီလိုအိတ်လေးကတော့ ပွဲတက်အတွက် မဟုတ်ဘဲ။ ခပ်မိုက်မိုက် style လေးနဲ့ဆို လိုက်ဖက်နိုင်တဲ့ အိတ်ဒီဇိုင်းလေးပါ။ အကယ်၍ စျေးဝယ်စရာတွေများတဲ့နေ့တွေဆို အင်မတန်မှအသုံးဝင်နိုင်သလို အဝတ်စား ၁စုံလောက်တောင် အသာလေးထည့်သွားလို့ ရနိုင်တဲ့ အိတ်လေးဖြစ်လို့ အမျိုးသမီးတွေအတွက် အလုံစုံအသုံးဝင်နိုင်တဲ့ အိတ်လေးလည်းဖြစ်ပါတယ်နော်။ စျေးနှုန်းလေးကတော့ $41.57 ဖြစ်ပါတယ်။

       

အိတ်ချစ်သူတွေအတွက် တစ်စုတစ်စည်းတည်း ကြည့်ရှု့လို့ရနိုင်အောင် ဖော်ပြပေးလိုက်တဲ့ အိတ်တွေကို အားလုံးကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်နော်။ 

Leave a Reply:

Your email address will not be published. Required fields are marked *