Style ကျပြီး နေ့စဉ်ဝတ်ဆင်လို့ရမယ့် Sneaker (၁၀)မျိုး

December 29, 2017

Sneaker ချစ်သူတွေအတွက် လူစီးအရမ်းများပြီး အမိုက်စားဒီဇိုင်း Sneaker အဖြူလေးတွေကို သီးသန့်ဖော်ပြပေးချင်ပါတယ်။ အဝတ်စားဒီဇိုင်းမျိုးစုံနဲ့ လိုက်ဖက်ပြီး Everyday စီးလို့ရတာကြောင့် အားလုံးအတွက် အဆင်ပြေနိုင်မယ့်ဒီဇိုင်းလေးတွေလည်း ဖြစ်ပါတယ်။

Nike Air Max 90 Leather

သူကတော့ True White မှ True White ပါ။ တော်တော်လေးကို လှပါတယ်။ running sneaker အဖြစ်လည်းအသုံးပြုလို့ရပြီး နေ့စဉ်အလှလည်း စီးလို့ရတော့ အဆင်ပြေပြီပေါ့။ အချိန်တွေဘယ်လောက်ကြာကြာ ရိုးမသွားတဲ့ ဒီဇိုင်းနဲ့အမြဲ update ဖြစ်နေမှာပါ။ သူ့ရဲ့ စျေးနှုန်းကတော့ $120 ဖြစ်ပါတယ်။

  

Adidas Superstar

ဒီ sneaker လေးကတော့ Adidas က SUPERSTAR SHOES ဖြစ်ပါတယ်။ 1969 ကတည်းကထွက်ရှိခဲ့တာဖြစ်ပြီး ဒီနေ့အချိန်ထိ လူကြိုက်အများဆုံးအဖြစ် အချိန်ကြာမြင့်စွာရပ်တည်နေတဲ့ sneaker ပါ။ သူရဲ့ဒီဇိုင်းပုံစံကလည်း ဘယ်တော့မှရိုးမသွားတဲ့အပြင် ရာသီမျိုးစုံမှာ ဝတ်ဆင်လို့အသင့်တော်ဆုံး ဒီဇိုင်းတစ်မျိုးဖြစ်ပါတယ်။ သူရဲ့စျေးနှုန်းကတော့ $70 ပါ။

  

Allbirds Wool Runner

ဒီ shoe လေးကတော့ Allbirds ကဖြစ်ပြီး Men’s Wool Runners လို့ခေါ်ပါတယ်။ Natural White ဖြစ်ပြီး ပေါ့ပါးတယ်။ သိုးမွှေးနဲ့ပြုလုပ်ထားလို့ လေဝင်လေထွက်ကောင်းတယ်။ သီးသန့်ခြေအိတ်တောင် စွတ်စရာမလိုပါဘူး။ အပျော့သားလေးမို့ နေ့စဉ်စီးလို့အဆင်ပြေနိုင်ပြီး ခြေထောက်လည်း မနာပါဘူး။ အေးတဲ့ရာသီမှာ ဝတ်ဆင်ရင် အနွေးဓာတ်ပေးပြီး ပူတဲ့ရာသီမှာ ဝတ်ဆင်ရင်တော့ အေးနေမှာဖြစ်ပါတယ်။ သူရဲ့စျေးနှုန်းကတော့ $ 95 USD ဖြစ်ပါတယ်။

  

Adidas Stan Smith

ဒါလေးကလည်း Adidas ကဖြစ်ပြီး Adidas Stan Smith လို့ခေါ်ပါတယ်။ adidas ထဲမှာ လူကြိုက်အများဆုံး ဒီဇိုင်းဖြစ်ပြီး white leather နဲ့ပြုလုပ်ထားပါတယ်။ သူရဲ့ original ဒီဇိုင်းကတော့ tennis legend Stan Smith ဒီဇိုင်းဖြစ်ပြီး lifestyle မှာနေ့စဉ်စီးလို့ အဆင်ပြေအောင် ပြောင်းလဲထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ သူရဲ့လက်ရှိစျေးနှုန်းကတော့ $75 ဖြစ်ပါတယ်။

  

Nike Air Force 1

Air Force 1 ကိုတော့ ပထမဦးဆုံးမိတ်ဆက်ပေးခဲ့တဲ့ 1982 ခုနှစ်ကဖြစ်ပါတယ်။ Air Force အကြောင်းကတော့ ထူးပြီးပြောနေစရာမလိုလောက်ပါဘူး။ all-white ဒီဇိုင်းနဲ့ နေ့စဉ်စီးလို့အဆင်ပြေနိုင်တဲ့ ဒီဇိုင်းလည်းဖြစ်ပါတယ်။ သူ့ရဲ့စျေးနှုန်းကတော့ $90 ဖြစ်ပါတယ်။

  

Converse Chuck Taylor

All star ကတော့ မပါမဖြစ်ပေါ့နော်။ Converse Chuck Taylor ကတော့ တစ်ကမ္ဘာလုံးက လူငယ်အများကြားမှာ popular အဖြစ်ဆုံးနဲ့ ရေပန်းစားခဲ့တဲ့ ဖိနပ်တရံဖြစ်ပါတယ်။ ရိုးရှင်းတဲ့ canvas design ဖြစ်ပါတယ်။ ဒီနေ့ထိ သူရဲ့စျေးနှုန်းကတော့ $55 ဖြစ်ပါတယ်။

  

Air Jordan 1 Mid

Air Jordan ကတော့ Morden လူငယ်တွေကြားမှာ အရမ်းစိတ်အားထက်သန်ခဲ့ရတဲ့ sneaker တစ်မျိုးဖြစ်ပါတယ်။ ဖိနပ်တရံလုံး all-white ဖြစ်ပြီး smooth leather ဖြစ်လို့ လူကြိုက်အများဆုံးဖြစ်ခဲ့ရပါတယ်။ သူ့ရဲ့စျေးနှုန်းကတော့ $110 ဖြစ်ပါတယ်။

  

Vans Old Skool

Vans ကလည်း မပါမဖြစ် brand တစ်မျိုးပါ။ White sneaker တွေထဲမှာ Vans ရဲ့ TRUE WHITE လေးကလည်း မပါမဖြစ်ပါနော်။ သူကိုတော့ Southern California မှာ skate လောကရဲ့ Heritage တစ်ခုဖြစ်ပြီး best skate shoe လို့တောင်တင်စားထားပါတယ်။ style အတွက်လည်း မေ့ထားလို့မရတဲ့ ဒီဇိုင်းလည်းဖြစ်ပါတယ်။ Vans Old Skool ရဲ့စျေးနှုန်းကတော့ $55 ဖြစ်ပါတယ်။

  

Clarks Trigenic Evo

အရောင် ၃မျိုးပါဝင်တဲ့ Clarks Trigenic Evo ဆိုတဲ့ sneaker လေးကတော့ best sneaker ၁၀ မျိုးထဲမှာ သူလည်းမပါမဖြစ်တစ်ရံဖြစ်ပါတယ်။ leather and suede နဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ စျေးနှုန်းလေးကတော့ $180 ဖြစ်ပါတယ်။

  

Puma Roma

Puma brand ကလည်း မပါမဖြစ်ပေါ့နော်။ Puma ထဲမှာ လူကြိုက်များခဲ့တဲ့ iconic design တစ်မျိုးဖြစ်ပါတယ်။ leather နဲ့ပြုလုပ်ထားပြီး အဖြူပေါ်မှာ ရွှေရောင်စာတန်းနဲ့ classic ဆန်ဆန်ဒီဇိုင်းတစ်မျိုးဖြစ်ပါတယ်။ သူရဲ့စျေးနှုန်းကတော့ $65 ဖြစ်ပါတယ်။

ဒါတွေအားလုံးကတော့ လူကြိုက်များရေပန်းစားခဲ့တဲ့ sneaker တွေဖြစ်ပါတယ်။ ဒါကြောင့်မို့ sneaker ဝယ်ဖို့စဉ်းစားနေတဲ့ sneaker ချစ်သူတွေအတွက် ရွေးချယ်ဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။

 

Leave a Reply:

Your email address will not be published. Required fields are marked *