တီရှပ်ခရေဇီတွေအတွက် Ted Baker ရဲ့ Limited edition

December 21, 2018

ပေါ့ပေါ့ပါးပါး ဝတ်ဆင်လို့ရနိုင်တဲ့ တီရှပ်လေးတွေက နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး လွတ်လပ်မှုကို အပြည့်အဝရစေပါတယ်။ တီရှပ်လေးတွေကို ဂျင်းဘောင်းဘီရှည်နဲ့ စတိုင်ကျကျ ဝတ်ဆင်နိုင်သလို စကတ်အဝဲလေးတွေနဲ့လည်း လူငယ်ဆန်ဆန်ဝတ်ဆင်လို့ရပါသေးတယ်။  အခုနောက်ပိုင်း လူငယ်တွေကြား တီရှပ်တွေကို ဘောင်းဘီ အတို၊ အရှည်မျိုးစုံနဲ့ တွဲဖက်ဝတ်ဆင်လာကြပါတယ်။

တီရှပ်အင်္ကျီတွေရဲ့ အားသာချက်ကတော့ လွတ်လပ်တယ်။ ပေါ့ပါးတယ်။ အကြမ်းခံတယ်။ လေဝင်လေထွက်ကောင်းတယ်။ ပွဲတင့်တယ်တယ်။ ကျောင်းသွား၊ ရုံးသွား၊ ခရီးထွက်၊ လျှောက်လည်တဲ့အခါမှာတွေမှာလည်း တီရှပ်ကို ရွေးချယ်နိုင်ပါတယ်။ နောက်ထပ် အားသာချက်တစ်ခုက လွယ်လွယ်ကူကူ ဝယ်ယူလို့ရနိုင်တာပါ။ Brand နဲ့ အရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်းကတော့ ကွာခြားသွားမှာပေါ့နော်။

Ted Baker ကတော့ တန်ဖိုးကြီး အဝတ်အထည်တွေ ထုတ်လုပ်ဖြန့်ချီနေတဲ့ ကုမ္မဏီတစ်ခုပါ။ ၁၉၈၈ ခုနစ်မှာ Ray Kelvin က အင်္ဂလန်နိုင်ငံမှာ Ted Baker ကို စတင်ထူထောင်ခဲ့ပြီး Ted Baker ကနေ ဖိနပ်၊ အိပ်၊ အင်္ကျီနဲ့ တခြား accessories ပစ္စည်းတွေကို ထုတ်လုပ်ဖြန့်ချီပါတယ်။ Ted Baker ရဲ့ Limited edition နဲ့ ထုတ်လုပ်ထားတဲ့ တီရှပ်တွေဟာဆိုရင် နိုင်ငံတကာမှာ လူကြိုက်များပြီး အင်္ကျီတွေအပြင် ဘောင်းဘီ၊ jacket နဲ့ ကုတ်အင်္ကျီတွေကိုလည်း ထုတ်လုပ်ပါသေးတယ်။

Ted Baker ရဲ့ တီရှပ်အင်္ကျီတွေက ထုတ်ကုန်တွေအားလုံးထဲမှာ ပိုပြီး နာမည်ကျော်ကြားပါတယ်။ Limited edition ဖြစ်တာကြောင့် ပစ္စည်းရှိသလောက်ပဲ ဝယ်ယူလို့ရနိုင်မှာပါ။ တီရှပ်ဒီဇိုင်းလေးတွေကတော့ ရိုးရှင်းပြီး ရင်ဘက်နားမှာတော့ Ted Baker ဆိုပြီး စာတမ်းထိုးထားပါတယ်။ ဒီ တီရှပ်ဟာ Ted Baker ရဲ့ နှစ်(၃၀)ပြည့် မွေးနေ့အတွက် အထူးထုတ်လုပ်ထားတာပါ။ ဒီ တီရှပ်ရဲ့ ထူးခြားချက်က ရင်ဘက်နေရာက Ted Baker စာတမ်းကို Crystal Fabric တွေနဲ့ ရေးထိုးထားပါတယ်။ ရိုးရှင်းတဲ့ တီရှပ်အဖြူပေါ်မှာ စာလုံးအရောင်လေးတွေက တလှပ်လှပ်ဖြစ်နေစေပါတယ်။

 

နောက်ထပ် ထူးခြားချက်တစ်ခုက Limited edition တီရှပ်ကို  Ted Baker ရဲ့ မူရင်း website မှာပဲ ဝယ်ယူလို့ရနိုင်တာပါ။ တခြား ဘယ်နေရာမှာ ဝယ်ယူလို့မရပါဘူးတဲ့နော်။

 

Photo : https://www.tedbaker.com/uk/

Leave a Reply:

Your email address will not be published. Required fields are marked *