Stormi ဖခင်အရင်းကိစ္စကို ဖြေရှင်းလိုက်တဲ့ Kylie Jenner

May 16, 2018

အခုရက်ပိုင်း သမီးလေး Stormi နဲ့ပတ်သက်ပြီး Kylie တယောက်ဝေဖန်တိုက်ခိုက်မှုတွေကို တော်တော်လေး ခံနေရပါတယ်။ အဓိကကတော့ သမီးလေးမမွေးခင် ရည်းစားများခဲ့တဲ့ Kylie ကို တမင်တကာတိုက်ခိုက်တယ်လို့ဘဲ မြင်မိပါတယ်။ သူမကတော့ အခုဆိုရင် မိခင်တယောက်အဖြစ် ရပ်တည်နေခဲ့တာ ၅လ နီးပါလောက်တောင် ရှိနေခဲ့ပါပြီ။ ဒါပေမယ့်လည်း တိုက်ခိုက်နေကြတုန်းပါ။

လွန်ခဲ့တဲ့ လပေါင်းများစွာကတော့ သူမရဲ့ရည်းစားဟောင်း Tyga နဲ့ပတ်သက်ပြီး သမီးလေးရဲ့အဖေဖြစ်ကြောင်း DNA စစ်ခိုင်းပြီး တိုက်ခိုက်ကြပါတယ်။ အခုတစ်ကြိမ်ကတော့ သူမရဲ့ Bodyguard TIM CHUNG နဲ့ ပတ်သက်ပြီး Stormi လေးနဲ့ ရုပ်ချင်းဆင်နေတာကြောင့် ကလေးရဲ့အဖေဆိုပြီး စွပ်စွဲခံနေရတာပါ။ Tyga နဲ့စွပ်စွဲခံရတုန်းကတော့ သူမဘက်က မသိချင်ယောင်ဆောင်ထားနိုင်ပေမယ့်  အခုစွပ်စွဲခံရတဲ့ ကိစ္စမှာတော့ တော်တော်လေးခံပြင်းနေပုံရပါတယ်။

ဒီကိစ္စကို သူမဘက်က ဖြေရှင်းတဲ့အနေနဲ့ follower 108 Million ရှိတဲ့ သူမရဲ့ instagram မှာ ကလေးရဲ့ ဖခင်ဖြစ်သူ Travis Scott နဲ့ သူမတို့ရဲ့စုံတွဲပုံကို တင်ပြီး “Stormi’s Parents” ဆိုတဲ့ caption နဲ့ ဖြေရှင်းလိုက်ပါတယ်။

Stormi’s Parents ?

A post shared by Kylie (@kyliejenner) on

သူမရဲ့ ဖြေရှင်းချက်မတိုင်ခင်က TIM CHUNG ဘက်ကလည်း follower 828K ရှိတဲ့ သူ့ရဲ့ instagram ကနေ “My First and last comment” ဆိုတဲ့ caption နဲ့ အခုလိုမျိုးဖြေရှင်းလိုက်ပါတယ်။

My first and last comment.

A post shared by TIM CHUNG (@timmm.c) on

Birthday

A post shared by TIM CHUNG (@timmm.c) on

Leave a Reply:

Your email address will not be published. Required fields are marked *