သမီးလေး Stormi ရဲ့ မျက်နှာကို ဖော်ပြလိုက်တဲ့ Kylie Jenner

March 7, 2018

အခုဆိုရင် Travis Scott နဲ့ Kylie Jenner တို့ရဲ့သမီးလေး Stormi Webster လေးဟာ တစ်လပြည့်လို့ နှစ်လထဲဝင်နေပါပြီ။ Kylie ဟာသမီးလေးမွေးဖွားပြီးတဲ့ နောက်နေ့မှာ ပရိသတ်ကို အသိပေးခဲ့ပေမယ့် သမီးလေးရဲ့မျက်နှာကို ထုတ်ဖော်ပြသခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် သမီးလေး တစ်လပြည့်တဲ့နေ့မှာတော့ ကလေးကိုချီထားတဲ့ပုံကို သူမရဲ့ instagram မှာ တင်ခဲ့ပြီးနောက် အခုတော့ Kylie ဟာ သူမရဲ့ instagram story မှာ သမီးလေးရဲ့ မျက်နှာပုံလေးတွေကို တင်လိုက်ပါတယ်။ Kylie တင်ပြီးနောက်မှာ Travis Scott ကတော့ သူ့ရဲ့ instagram မှာ Stormi လေးရဲ့ မျက်နှာပုံလေးကို တင်လိုက်ပါတယ်။

သမီးလေးဟာ အမေတူလေးလို့ ပြောရမလားဘဲ ပါးဖောင်းဖောင်းလေးနဲ့ Kylie ရဲ့မျက်နှာပေါက်ပုံစံနဲ့တူပြီး အရမ်းကိုချစ်စရာကောင်းနေပါတယ်။

Our little rager !!!!

A post shared by flame (@travisscott) on

my angel baby is 1 month old today

A post shared by Kylie (@kyliejenner) on

Leave a Reply:

Your email address will not be published. Required fields are marked *