Sexy ပို့စ်နဲ့တွေ့ရမယ့် Selena ရဲ့ PUMA Campaign
June 1, 2018

Selena တစ်ယောက်ကတော့ ခန္ဓာကိုယ်အသားပေး sexy ပုံတွေ သိပ်ရိုက်လေ့မရှိပေမယ့် PUMA Campaign အသစ်မှာတော့ အလန်းစား sexy ပုံတွေရိုက်ပြီး သူမရဲ့ instagram ကနေ ပရိသတ်ကို ချပြလိုက်ပါတယ်။ ချစ်စရာကောင်းတဲ့ Selena တစ်ယောက်ကို PUMA ရဲ့ sneaker Campaign မှာ အခုလိုအလန်းစားပုံလေးနဲ့ မြင်ရပြန်တော့လည်း တမျိုးလေးဆွဲဆောင်မှု ရှိနေပြန်ပါတယ်။
ဒီတခါနောက်ဆုံးထွက်တဲ့ PUMA ရဲ့ sneaker ဒီဇိုင်းလေးကတော့ မိန်းကလေးကြိုက်ဖြစ်တဲ့ ဒီဇိုင်းနဲ့ အရောင်ကို ပေါင်းစပ်ပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ Sneaker ကိုအရောင် ၄ မျိုးနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး စျေးနှုန်းကိုတော့ ဒေါ်လာ $90 ရောင်းချပါတယ်။ Selena နဲ့ ဒီနှစ်ထဲ လက်တွဲဖြစ်တဲ့ brand တွေကတော့ COACH နဲ့ PUMA ဘဲဖြစ်ပါတယ်။