Selena Gomez နဲ့ Blake Lively တို့ရဲ့ လက်ကိုင်အိတ်ပေါ်မှ အဓိပ္ပာယ်ရှိသော စာသားများ

May 14, 2018

Met Gala Fashion ပွဲကို တက်ရောက်လာခဲ့တဲ့ Selena Gomez နဲ့ Blake Lively တို့ရဲ့ fashion နဲ့ပတ်သက်ပြီး လူပြောများနေတာကတော့ သူမတို့ကိုင်လာတဲ့ လက်ကိုင်အိတ်ပေါ်က စာသားတွေဘဲ ဖြစ်ပါတယ်။ ဒီလက်ကိုင်အိတ်ပေါ်က စာသားတွေနဲ့ ပတ်သက်ပြီးတော့ ဒီလိုမျိုးလေးသိရပါတယ်။
Lively ရဲ့ပွဲတက်လက်ကိုင်အိတ်မှာတော့ “Reynolds” ဆိုတဲ့ စာသားကို ထိုးထားပါတယ်။ ဒါတင်မကသေးပါဘူး လက်ကိုင်အိတ်ပေါ်မှာ B, J, I, R ဆိုတဲ့ အတိုကောက်စာလုံးလေးတွေလည်း ပါဝင်နေပါသေးတယ်။ B ကတော့ သူမရဲ့နာမည် Blake Lively ရဲ့ရှေ့စာလုံးဖြစ်ပြီး J, I ကတော့ သမီးတွေဖြစ်တဲ့ James နဲ့ Ines ရဲ့ နာမည်ကို ရည်ညွှန်းထားတာဖြစ်ပါတယ်။ နောက်ဆုံး R ရဲ့အောက်မှာတော့ “Reynolds” ဆိုတဲ့ စာသားပါဝင်တဲ့အတွက် ဒါကတော့ ရှင်းပါတယ်။ သူမရဲ့ခင်ပွန်းဖြစ်သူ Ryan Reynolds ကို ရည်ညွှန်းထားတာပါ။

Take your family to work day…

A post shared by Blake Lively (@blakelively) on

ပြီးရင်တော့ Selena Gomez ပါ။ သူမရဲ့ လက်ကိုင်အိတ်ပေါ်က စာသားတွေကတော့ “A woman who fears the Lord is a woman who shall be praised “ ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။ စားသားရဲ့အဓိပ္ပါယ်ကတော့ ” ဘုရားသခင်ကို ကြောက်ရွံ့သော အမျိုးသမီးကို ချီးမွမ်းသင့်တဲ့ အမျိုးသမီးလို့  ဆိုလိုထားတာဖြစ်ပါတယ် ။ ဒီလက်ကိုင်အိတ်ပေါ်က စားသားတွေကတော့ သူမကိုယ်တိုင် လက်ရေးလက်သားနဲ့ ရေးသားထားတဲ့ လင်္ကာဖြစ်ပြီး သူမနဲ့ လက်တွဲထားတဲ့ COACH က ပုံနှိပ်ပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အောက်မှာတော့ Selena ရဲ့လက်ကိုင်အိတ်ပေါ်က ထင်ထင်ရှားရှားမြင်ရတဲ့ စာသားတွေပါ။

Leave a Reply:

Your email address will not be published. Required fields are marked *