ပြင်သစ်စတိုင်လေးနဲ့ တွေ့ရမယ့် Selena Gomez
June 7, 2018

မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ Selena ရဲ့ “Back to You” ဆိုတဲ့ music vidoe လေးကိုတော့ သတိထားမိကြမယ်လို့ ထင်ပါတယ်နော်။ ဒီ MTV လေးဟာ နာမည်ကြီးလူကြိုက်များတဲ့ 13 Reasons Why ဇာတ်ကားရဲ့ ဇာတ်ဝင်သီချင်းဖြစ်တာကြောင့် လူတိုင်းနဲ့ရင်နှီးပြီးသား သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။ ဒီထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Selena ရဲ့ ဖက်ရှင်လေးတွေဟာ သူမနဲ့လိုက်ဖက်ပြီး တက်တက်ကြွကြွနဲ့ ကလေးတစ်ယောက်လို လှသွေးဖြာနေတဲ့ အလှတရားကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီ video လေးထဲမှာ ဝတ်စုံနှစ်စုံကို ဝတ်ဆင်ထားပြီး တစ်စုံကတော့ party dress ဖြစ်ပြီး နောက်တစ်စုံကတော့ ပြင်သစ်စတိုင်ပုံစံ ဝတ်စုံလေးဖြစ်ပါတယ်။
ပထမစုံတွေ့ရမယ့် paraty dress လေးကတော့ တစ်ထည်လုံး စီးကွန့်အပြည့်နဲ့ ချုပ်လုပ်ထားပြီး လက်နဲ့ ဂါဝန်အနားလေးကိုတော့ feather လေးတွေနဲ့ တွဲဖက်ထားပါတယ်။ နောက်တစ်စုံကတော့ ပြင်သစ်စတိုင် skirt အဖြူရောင်အတိုလေးကို လိမ္မော်ရောင် လက်ပြတ်အင်္ကျီလေးကို တွဲဖက်ဝတ်ဆင်ထားပါတယ်။ ဒီဝတ်စုံလေးကတော့ ပြင်သစ်စတိုင်ဖက်ရှင်လေးကို အဓိက inspired ယူထားတဲ့ စတိုင်လေးဖြစ်ပါတယ်။
ဒီ “Back to You” ဆိုတဲ့သီချင်းလေးထဲမှာတော့ Selena ရဲ့ ချစ်စရာကောင်းတဲ့ သရုပ်ဆောင်ချက်တွေ ဖက်ရှင်တွေက high school ကျောင်းသူဘဝကို ပြန်လည်ခေါ်ဆောင်သွားလိမ့်မယ်ဆိုတာ သေချာနေပါတယ်။