အစ္စလာမ်အမျိုးသမီးများအတွက် ပထမဦးဆုံး streetwear brand ကို မိတ်ဆက်လိုက်တဲ့ Seek Refuge

February 21, 2018

Seek Refuge ကနေ Streetwear brand တစ်ခုကို Indiegogo မှတစ်ဆင့် ပထမဦးစွာ မိတ်ဆက်ပေးလိုက်ပါတယ်။ Brand ရဲ့ရည်ရွယ်ချက်ကတော့ အထူးသဖြင့် အစ္စလာမ်အမျိုးသမီးများကို ကိုယ်စားပြုရန်နှင့် လုပ်ပိုင်ခွင့်ကို ရည်ရွယ်တာဖြစ်ပါတယ်။ ထုတ်လုပ်လိုက်တဲ့ ဒီဇိုင်းတွေကလည်း အစ္စလာမ်အမျိုးသမီးတွေအတွက် empower ဖြစ်စေတဲ့ ဒီဇိုင်းတွေကိုသာ ထုတ်လုပ်ထားတယ်လို့ Seek Refuge ရဲ့ PROJECT OWNER ဖြစ်သူ Shazia Ijaz ပြောကြားထားပါသေးတယ်။ လက်ရှိမှာတော့ item ၄မျိုးကို ထုတ်လုပ်ပြီး မိတ်ဆက်ပေးလိုက်ပါတယ်။ Seek Refuge မှာပါတဲ့ item တွေကို အောက်မှာဖော်ပြထားပါတယ်နော်။

ပထမဦးဆုံးမိတ်ဆက်ပေးချင်တဲ့ jacket ကတော့ အရည်သွေးကောင်းမွန်သော Turkish denim jecket ဘဲဖြစ်ပါတယ်။ ခပ်ပွပွဒီဇိုင်းဖြစ်ပြီး Men style ဒီဇိုင်းပုံစံဖြစ်ပါတယ်။ One color ဖြစ်ပြီး စျေးနှုန်းကတော့ $200 ဖြစ်ပါတယ်။

Tee လို့အမည်ရတဲ့ အင်္ကျီလေးတွေဖြစ်ပါတယ်။ high quality fabric နဲ့ပြုလုပ်ထားတာကြောင့် ဝတ်ရတာပေါ့ပါးပြီး နူးညံ့တဲ့အသားလေးမို့ လွတ်လွတ်လပ်လပ်နဲ့ ပေါ့ပါးနေမှာသေချာပါတယ်။ Black and white အရောင် ၂မျိုးရှိလို့ ကိုယ်ကြိုက်နှစ်သက်တာကို ရွေးချယ်လို့ရနိုင်ပါတယ်။ စျေးနှုန်းကတော့ $60 ပါ။

နောက်ဆုံးတစ်မျိုးကတော့ Nazr ဆိုတဲ့နာမည်နဲ့ Hoodie ဖြစ်ပါတယ်။ အနက်ရောင်တမျိုးတည်းသာရှိပြီး size ကတော့ small, medium, large ဆိုပြီး ၃မျိုးရနိုင်ပါတယ်။ စျေးနှုန်းလေးကတော့ $120 ပါ။

Seek Refuge ရဲ့ Item တွေအားလုံးကို မိတ်ဆက်ပြီး ဖော်ပြလိုက်ပြီဖြစ်တဲ့အတွက် နှစ်သက်သဘောကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်။

Leave a Reply:

Your email address will not be published. Required fields are marked *