စကော့တလန်နိုင်ငံကို အလည်ရောက်ရှိနေတဲ့ Meghan Markle ရဲ့ Fashion

February 14, 2018

Prince Harry နဲ့ Meghan Markle တို့စုံတွဲဟာ  စကော့တလန်နိုင်ငံ ၏မြို့တော်ဖြစ်တဲ့ Edinburgh ကို ရောက်ရှိခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ Edinburgh castle အပြင်ဘက်မှာရှိတဲ့ လူစုလူဝေးကြီးကို တရင်းတနှီးနဲ့ နှုတ်ဆက်ခဲ့ကြပါတယ်။ အဲ့အချိန်မှာ fashion လောကရဲ့ လူတွေကြားမှာ Meghan Markle ဝတ်ထားတဲ့ coat အင်္ကျီကို သတိထားမိခဲ့ကြပါတယ်။ Meghan Markle ကတော့ သူမရဲ့ fashion ကြောင့် attention အမြဲရနေကျသူတစ်ယောက် ဖြစ်ပါတယ်။ Fashion လောကမှာတော့ သူမနဲ့ပတ်သက်လာရင် fashion ကို အမြဲသတိထားနေခဲ့ကြရတာပါ။

အခုလည်း သူမဝတ်ဆင်ခဲ့တဲ့ အင်္ကျီဟာ Burberry ကထုတ်လုပ်ထားတဲ့ Double-faced Wool Cashmere Tailored Coat အင်္ကျီဖြစ်ပြီး 2018 runway collection ထဲကဖြစ်ပါတယ်။ coat အရှည်အမျိုးစားဖြစ်ပြီး အင်္ကျီမှာအိပ်ကပ် ၂ဖက်ပါရှိပါတယ်။ ခပ်ပွပွနဲ့ smart ကျကျဒီဇိုင်းက အင်္ကျီအဆင်နဲ့ ပေါင်းစပ်လိုက်ရင် မြင်သူတိုင်းမျက်စိကျလောက်တဲ့ fashion မျိုးပါ။ အင်္ကျီရဲ့အသားကတော့ သိုးရဲ့အလွန်နူးညံ့တဲ့ သိုးမွှေးနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ အရောင်ကတော့ Midnight blue/bright navy နဲ့ Racing green/dark crimson  ၂မျိူး ထွက်ပါတယ်။ စျေးနှုန်းကတော့ £1,995 ဖြစ်ပြီး မြန်မာငွေနဲ့ဆို ၃၆သိန်း ဝန်းကျင်လောက်ဖြစ်ပါတယ်။

 

 

 

Leave a Reply:

Your email address will not be published. Required fields are marked *