Savage နဲ့ အမျိုးသမီးဝတ်အတွင်းခံ line အသစ်ကို မိတ်ဆက်လိုက်တဲ့ Rihanna

April 25, 2018

ကမ္ဘာကျော်အဆိုတော် Rihanna ကတော့ သူမရဲ့ ကိုယ်ပိုင် brand တစ်ခုဖြစ်တဲ့ Fenty နဲ့ပေါင်းစပ်ပြီး တခြားနာမည်ကြီး brand တော်တော်များများနဲ့ collaboration လုပ်နေကြဖြစ်ပါတယ်။ အခုလည်း မကြာသေးခင်ကမှ သူမရဲ့ instagram ကနေ Savage x Fenty ဆိုပြီး စတင်မိတ်ဆက်ပေးလိုက်တာကို တွေ့ရပါတယ်။ အရင်ကတော့ သတင်းသဲ့သဲ့လေး ကြားမိပေမယ့် သူကိုယ်တိုင်ထုတ်ဖော်ပြောကြားခြင်း မရှိတဲ့အတွက်ကြောင့် ကောလဟလလို့ ထင်ခဲ့ကြပါသေးတယ်။ အခုတော့ သူမကိုယ်တိုင်မိတ်ဆက်လိုက်တဲ့အတွက် လုံးဝကို သေချာသွားပါပြီ။

didn’t they tell u?

A post shared by badgalriri (@badgalriri) on

X.

A post shared by badgalriri (@badgalriri) on

သူမကတော့ လက်ရှိမှာ PUMA နဲ့လည်း collaboration လုပ်ထားပြီး သူမရဲ့ကိုယ်ပိုင် brand line တစ်ခုဖြစ်တဲ့ Fenty Beauty ကိုလည်း ပစ္စည်းသစ်တွေ ထပ်မံမိတ်ဆက်ပေးနေတာကို တွေ့ရပါတယ်။ သူမရဲ့ professional ဖြစ်တဲ့ အဆိုပိုင်းမှာသာမက စီးပွားရေးပိုင်းမှာပါ အောင်မြင်နေတာကို တွေ့ရပါတယ်။ သူမရဲ့ ပရိသတ်တွေကတော့ အခု collaboration လုပ်တဲ့ Savage x Fenty တို့ရဲ့ ဒီဇိုင်းအသစတွေကို စောင့်မျှော်ရင်း ရင်ခုန်နေကြပါတယ်။ 

Behind tha X. Keep up on SAVAGEX.com!

A post shared by SAVAGE X FENTY (@savagexfenty) on

Leave a Reply:

Your email address will not be published. Required fields are marked *