ဝတ်စုံတူနေပေမယ့် အလှချင်းမတူတဲ့ Rihanna နဲ့ Kendall
June 8, 2018

Ocean’s 8 ရဲ့ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Rihanna ကတော့ New York မှာပြုလုပ်တဲ့ Ocean’s 8 premiere show ကို တက်ရောက်ခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး သူမရဲ့ပွဲတက်ဖက်ရှင်နဲ့ ပတ်သက်ပြီးတော့လည်း ဝေဖန်မှုတွေ ရှိနေပါသေးတယ်။ ဒီပွဲမှာ သူမဝတ်ဆင်လာတဲ့ Givenchy Dress ဟာ Givenchy’s fall 2018 collection ထဲက ခရမ်းရောင် Metallic ဝတ်စုံကို ဝတ်ဆင်ထားတာ ဖြစ်ပါတယ်။
ဒီဝတ်စုံနဲ့ပတ်သက်လို့ Rihanna အရင်ဝတ်တာမဟုတ်ဘူးလို့ ပြောဆိုနေကြပြီး ELLE ရဲ့ ဇွန်လ cover ရိုက်စဉ်က Kendall Jenner အရင်ဝတ်ဆင်ခဲ့တာ ဖြစ်ကြောင်းဝေဖန်ပြောဆိုခဲ့ကြပါတယ်။
ချစ်တဲ့သူတွေ အမြင်မှာတော့ Rihanna နဲ့ Kendall ဟာ လူဖြူ လူမဲ ကွာပေမယ့် ဒီဝတ်စုံလေးကို ဝတ်ဆင်တဲ့အခါမှာတော့ အဖြူနဲ့အမဲ ဘာကွာလဲ ဆိုရင်- အလှတမျိုးချင်းစီကို ပိုင်ဆိုင်ထားတဲ့အတွက် ကိုယ်ပိုင်အလှတွေနဲ့ ပေါင်းစပ်ပြီး တောက်ပနေတယ်လို့ဘဲ ပြောချင်ပါတယ်။ ဒါကြောင့် နှစ်ယောက်လုံးကိုလည်း ချစ်တယ် နှစ်ယောက်လုံးကလည်း တစ်မျိုးစီလှနေတယ်လေ။