Queen Elizabeth နဲ့ ၂ယောက်တည်းပွဲတက်ခဲ့တဲ့ Meghan Markle ရဲ့ ဖက်ရှင်

June 15, 2018

Cheshire မှာရှိတဲ့ Mersey Gateway Bridge နဲ့ Chester’s Storyhouse Theatre တို့ရဲ့ တရားဝင်ဖွင့်ပွဲကို ဘုရင်မကြီးကိုယ်တိုင် တက်ရောက်ဖွင့်ပေးခဲ့တာဖြစ်ပြီး ဘုရင်မကြီးနဲ့အတူ အသစ်စက်စက် မြေးချွေးမလေး Meghan လည်း လိုက်ပါလာခဲ့ပါတယ်။  Meghan အတွက် ဒါဟာ မင်းသားဟယ်ရီ မပါဘဲ ဘုရင်မကြီးနဲ့နှစ်ယောက်တည်းအတူ တရင်းတနှီးပွဲတက်ခွင့်ရတာ ပထမဦးဆုံးအကြိမ်ဖြစ်ခဲ့ပါတယ်။ ထို့နောက် Chester Town Hall မှာ အားလုံးနဲ့အတူ ဧည့်တော်အနေဖြင့် နေ့လည်စားသုံးဆောင်ခဲ့ကြပါတယ်။

ထောင်ပေါင်းများစွာလူတွေက ဘုရင်မကြီးနဲ့ မြို့စားကတော် Meghan တို့ကိုစောင့်ဆိုင်းပြီး ပန်းစည်းနဲ့ အမှတ်တရလက်ဆောင်များပေးကာ ကြိုဆိုခဲ့ ကြပါတယ်။ ဘုရင်မကြီးကတော့ ထုံးစံအတိုင်း အစိမ်းရောင် ကုတ်အင်္ကျီအရှည်ကိုအပေါ်မှထပ်ပြီး ဝတ်ဆင်ကာ ဂုဏ်သရေရှိစွာ ကျက်သရေရှိပြီး တင့်တယ်လှပနေပါတယ်။

Meghan ရဲ့ဖက်ရှင်ကတော့ ထုံးစံအတိုင်းလူစိတ်ဝင်စားမှုများပြားခဲ့ကာ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ Givenchy မှ creamy အရောင် Dress ကိုဝတ်ဆင်ကာ Givenchy ရဲ့ ခါးပတ်လေးနဲ့ Leather Crossbody Bag လေးကို တွဲဖက်ထားတာဖြစ်ပါတယ်။ ခါးပတ်ကတော့ ဒေါ်လာ $450 ရှိပြီး Crossbody Bag ကတော့ ဒေါ်လာ $ 1,190 တန်ဖိုးရှိပါတယ်။ သူမဝတ်ဆင်ထားတဲ့ ဖိနပ်ကတော့ Sarah Flint ကဖြစ်ပြီး ဒေါ်လာ $355 တန်းဖိုးရှိပါတယ်။ ဒါကတော့ မြို့စားကတော် Meghan Markle ရဲ့ Cheshire ကိုသွားရောက်ခဲ့တဲ့ ဖက်ရှင်အကြောင်းဘဲဖြစ်ပါတယ်။ Brand တန်ဖိုးတွေကိုတော့ ဗဟုသုတအနေနဲ့ စိတ်ဝင်စားသူများအတွက် အပြည့်အစုံတင်ဆက်ပေးခြင်း ဖြစ်ပါတယ်။

 

  

  

  

Leave a Reply:

Your email address will not be published. Required fields are marked *