အမျိုးသမီးလိင်အင်္ဂါပုံစံဝတ်စုံနဲ့ ရိုက်ကူးခဲ့တဲ့ Janelle Monáe ရဲ့ PYNK Music Video အသစ်

April 18, 2018

လူကြီး/လူငယ်တွေ အားလုံးကြားမှာ ရိုက်ခက်စိတ်ဝင်စားစေတဲ့ အဆိုတော် Janelle Monáe  ရဲ့ PYNK music video အသစ်မှာ အမျိုးသမီးလိင်အင်္ဂါပုံစံ ချူပ်လုပ်ပုံဖော်ထားတဲ့ ဝတ်စုံကို ဝတ်ဆင်ကြပြီး ရိုက်ကူးခဲ့ကြပါတယ်။ ဒါရိုက်တာ Emma Westenberg ကရိုက်ကူးပုံဖော်ပေးခဲ့တာဖြစ်ပြီး အဆိုတော်နဲ့သရုပ်ဆောင်တွေ အားလုံးက Vagina Dress ကိုဝတ်ဆင်ပြီး ပါဝင်ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဝတ်စုံမှာဆိုရင် ပန်းရောင် အနု၊ အရင့် အရောင်နှစ်မျိုးကို ပေါင်းစပ်ချုပ်လုပ်ထားတဲ့အတွက် Vagina Pink လို့ ခေါ်ဆိုကြပြန်ပါတယ်။ ဝတ်စုံနဲ့ပတ်သက်ပြီး video ကိုကြည့်လိုက်ရင် ပိုပြီးနာလည်လွယ်လိမ့်မယ်လို့ ထင်မိပါတယ်။ 

Janelle Monáe  ရဲ့ PYNK music video ဟာ သူမနောက်ဆုံးထွက်ရှိလာမယ့် Album အသစ် Dirty Computer မှာ ပါဝင်မှာဖြစ်ပြီး April 27 ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ Dirty Computer မှာ ပါဝင်တဲ့ သီချင်း ၃ပုဒ်ကိုသာ ဖြန့်ချီထားပါသေးတယ်။ သူမကတော့ Dirty Computer Album အပါအဝင်ဆို Studio Album ၃ခု ထုတ်လုပ်ထားပြီး ဖြစ်ပါတယ်။ 

Leave a Reply:

Your email address will not be published. Required fields are marked *