Meghan Markle နဲ့ Prince Harry တို့ရဲ့ မင်္ဂလာပွဲမှာ အပျိုရံအဖြစ်ပါဝင်သွားမယ့် တော်ဝင်မင်းသမီးလေး Charlotte

May 3, 2018

မေလ ၁၉ ရက်နေ့ကျင်းပပြုလုပ်တော့မယ့် ဗြိတိသျှတော်ဝင်မင်းသား Harry နဲ့ Meghan Markle တို့ရဲ့ မင်္ဂလာပွဲမှာ တော်ဝင်မင်းသား William နဲ့ Kate တို့ရဲ့ သမီးဖြစ်သူ တော်ဝင်မင်းသမီးလေး Charlotte က သတို့သမီးအပျိုရံအဖြစ်ပါဝင်သွားမယ်လို့ သိရပါတယ်။ Charlotte လေးကတော့ အခုချိန်မှာ အသက် ၃နှစ်အရွယ်ရောက်ရှိနေပြီဖြစ်ပြီး မကြာသေးခင်ရက်ပိုင်းလေးကဘဲ အငယ်ဆုံး မင်းသားလေးကို ပိုင်ဆိုင်ထားတဲ့ အမတစ်ဦးလည်း ဖြစ်ပါတယ်။ မင်းသမီးလေး Charlotte နဲ့ သူမရဲ့ အကိုဖြစ်သူ မင်းသားလေး George တို့ဟာ အရင်နှစ်တုန်းကလည်း  အဒေါ်ဖြစ်သူ Pippa Middleton ရဲ့ မင်္ဂလာပွဲမှာလည်း bridesmaid နဲ့ page boy အနေနဲ့ပါ ပါဝင်ခဲ့ဖူးကြပါသေးတယ်။ ကဲ ဒါဆိုရင်တော့ မကြာခင်မှာ ကျင်းပတော့မယ့် တော်ဝင်မင်္ဂလာပွဲအတွက် Fashion တွေကိုလည်း တင်ပြပေးသွားအုံးမှာ ဖြစ်လို့စောင့်ကြည့်အားပေးဖို့ တိုက်တွန်းလိုက်ပါတယ်နော်။  

Leave a Reply:

Your email address will not be published. Required fields are marked *