Michael Jackson ကို ဂုဏ်ပြုလိုက်တာလို့ ဆိုနေကြတဲ့ Paris Jackson ရဲ့ Party Dress

March 7, 2018

အသက် ၁၉နှစ်ရှိပြီဖြစ်တဲ့ Paris Jackson ဟာ Oscar after party ကိုတက်ရောက်ခဲ့လာစဉ် Party ကို သူမဝတ်ဆင်ခဲ့တဲ့ Dress ဟာ သူမရဲ့ဖခင် Michael Jackson ကို ဂုဏ်ပြုလိုက်တာလို့ ဆိုနေကြပါတယ်။ အကြောင်းအရင်းကတော့ သူမဝတ်ဆင်လာတဲ့ dress နဲ့ပုံကို instagram မှာ ‘Take the path that moonbeams make/ If the moon is still awake/ You’ll see him wink his eye’ ဆိုတဲ့ caption နဲ့တင်လိုက်လို့ပါ။

ဒီ caption ဟာ Peter Pan ဇာတ်ကားထဲက ‘You Can Fly’ သီချင်းရဲ့ lyric ဖြစ်ပြီး dress ဒီဇိုင်းဟာလည်း Peter Pan ထဲကဇာတ်ကောင် Tinker Bell ဝတ်ဆင်ထားတဲ့ ပုံစံနဲ့တူနေတာကြောင့်ပါ။ ဒီလိုဝတ်ဆင်လာတာဟာ လျို့ဝှက်ချက်ရှိနေတာတော့ မဟုတ်ပါဘူး။ သူမရဲ့ဖခင် Michael Jackson ဟာ Neverland နဲ့ Peter Pan’s world ကိုချစ်ခင်တဲ့သူတယောက်ဖြစ်ပြီး သူရဲ့ အိမ်ကိုတောင် Neverland Ranch ဆိုပြီး တင်စားခေါ်ဝေါ်ပါသေးတယ်။ ဒါကြောင့်မို့ Paris Jackson ဟာ Tinker Bell-style gown ကိုဝတ်ဆင်လာတယ်လို့ ဆိုကြပါတယ်။ ဒီ အစိမ်းရောင် ဝတ်စုံကိုတော့ Versace က ဖန်တီးပေးထားတာဖြစ်ပါတယ်။

?

A post shared by Paris-Michael K. Jackalope (@parisjackson) on

Leave a Reply:

Your email address will not be published. Required fields are marked *