ဝတ်ဆင်ရလွယ်ကူပြီး တထည်တည်းနဲ့ ပြည့်စုံသွားမယ့် Dress လှလှလေးများ
March 30, 2018

ပူလောင်အိုက်စက်တဲ့ နွေရာသီကြီးကို ရောက်ရှိလာပြီဖြစ်လို့ အပူဒဏ်ကိုအံတုနိုင်မယ့် အဝတ်အစားပုံစံလှလှလေးတွေကို ပြုစုပေးလိုက်ပါတယ်။ ဒီအဝတ်စားလေးတွေဟာ တစ်ထည်တည်းနဲ့လည်း ပြည့်စုံစေမယ့်အပြင် ပူလောင်တဲ့ရာသီကြီးမှာ အဝတ်စားဝတ်ရတာကို စိတ်မညစ်ရအောင် ကူညီပေးနိုင်မယ့် dress လေးတွေဘဲဖြစ်ပါတယ်။
၁။ အခု ၂၀၁၈ မှာ ခေတ်စားလာတဲ့ slip dresses လေးတွေကို ဝတ်ဆင်သင့်ပါတယ်။ ပါးလွှာတဲ့ dress လေးဖြစ်လို့ အပူဒဏ်ကို အံတုနိုင်ပြီး fashion လည်းကျစေပါတယ်။ အတွင်းခံအတွက် idea မျိုးစုံသုံးပြီး ဝတ်ဆင်လို့ရတဲ့အတွက် ဒါမျိုးလေးကိုရှိထားမယ်ဆိုရင်တော့ Fashion လည်းကျ အပူဒဏ်ကိုလည်း အံတုနိုင်ပြီပေါ့။
၂။ ကြိုးတစ်လုံးနဲ့ အောက်ပိုင်းဝဲဝဲလေးကလည်း ရှိထားသင့်ပါတယ်။ နေ့ဘက်ဝတ်ရင်တော့ Suncream များများလေးလိမ်းဖို့ လိုအပ်ပါလိမ့်မယ်။ တစ်ထည်တည်းနဲ့ ပေါ့ပါးပြီး နေရာဒေသမရွေးဝတ်ဆင်လို့ရနိုင်တဲ့အပြင် ပုံထဲကလို ဦးထုပ်အဝိုင်းကြီးကြီးလေးကို ဆောင်းပေးလိုက်မယ်ဆိုရင်တော့ ပိုပြီး Style ကျလှပသွားနိုင်ပြီပေါ့။
၃။ လက်ရှည်ဂါဝန်တိုဒီဇိုင်းလေးကလည်း ရှိသင့်တဲ့ထဲမှာ ပါဝင်တဲ့ Dress တစ်မျိုးပါ။ လက်ရှည်ပွပွလေးနဲ့ ဂါဝန်ဝဲဝဲလေးကလည်း fashion ကျပြီး လက်လေးတွေ နေလောင်မှာ အစိုးရိမ်ရတော့ဘူးပေါ့။
၄။ အပေါ်ပိုင်း shoulder off ဒီဇိုင်းလေးနဲ့ ဂါဝန်တိုလေးကလည်း အပြစ်ကင်းစင်ပြီး ချစ်စဖွယ်မိန်းကလေးတယောက်အဖြစ်သို့ ပြောင်းလဲသွားပါ။ sneaker လေးနဲ့ တွဲဖက်လိုက်မယ်ဆိုရင်တော့ Fashion လည်းကျ လွတ်လပ်မှုလည်းရှိသွားမှာ သေချာပါတယ်။
၅။ Lace dress လေးတွေကလည်း နွေရာသီနဲ့လိုက်ဖက်တဲ့ ဒီဇိုင်းမျိူးကို ချုပ်ဝတ်မယ်ဆိုရင်တော့ ပွဲတိုးပြီးတော်တော်လေးကို လှမှာသေချာပါတယ်။ ဒါမျိုးလေးတစ်ထည်လောက်ရှိထားမယ်ဆိုရင်တော့ အချိန်တိုင်းယုံကြည်မှုရှိနေမှာပါ။