H&M ရဲ့ Brand အသစ် Nyden ပထမဆုံးအကြိမ်စတင်ရောင်းချ

April 5, 2018

Brand အသစ်ဖြစ်တဲ့ Nyden ကိုတော့ ၂၀၁၇ ဒီဇင်ဘာလမှာ Brand name ကို H&M ကမိတ်ဆက်ပေးခဲ့ပြီး millennials အရွယ်တွေကို ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Nyden ဆိုတာကတော့ ဆွီဒင်စာလုံးဖြစ်ပြီး “ny” “den” ကို “new” “it” လို့အမည်ရပါတယ်။ Brand ရဲ့ logo ကတော့ “ / “ (အနက်ရောင် slash) သင်္ကတဖြစ်ပါတယ်။ အခု ၂၀၁၈ ခုနှစ်မှာတော့ Nyden ရဲ့ product တွေကို ပထမဆုံးအကြိမ် စတင်ရောင်းချဖို့ ထွက်ရှိလာပါပြီ။ ပထမဆုံးအနေနဲ့ ထွက်ရှိလာတဲ့ ဒီဇိုင်းတွေကတော့ T-shirt တွေဘဲဖြစ်ပါတယ်။ စျေးနှုန်းအရတော့ တစ်ထည်ကို €60 ပါ။ အရောင်အနေနဲ့ အဖြူ၊ အနက် (၂) မျိုး ထုတ်လုပ်ထားပါတယ်။ 

အခုချိန်မှာ အားလုံးကတော့ H&M ရဲ့ brand အသစ် Nyden ကရော H&M လောက် လူကြိုက်များပါ့မလား/ H&M ရဲ့ quality ကို မှီပါ့မလားဆိုပြီး တွေးနေကြပါတယ်။ တချို့ကျတော့လည်း H&M ကနေထုပ်လုပ်လိုက်တဲ့ brand ဖြစ်တာကြောင့် quality ပိုင်းကို အပြည့်အဝ စိတ်ချယုံကြည်နေကြပါတယ်။  

Leave a Reply:

Your email address will not be published. Required fields are marked *