အသားရောင်အမျိုးမျိုးအတွက် Nude color မျိုးစုံကို ထုတ်လုပ်လိုက်တဲ့ Rihanna ရဲ့ Savage x Fenty

May 15, 2018

အားလုံးစောင့်မျှော်နေကြတဲ့ Rihanna ရဲ့ အမျိုးသမီးအတွင်းခံ brand အသစ်ထွက်ရှိလို့လာပါပြီ။ Rihanna ရဲ့ product တွေက တခုမဟုတ်တခုထူးခြားနေလိမ့်မယ်ဆိုတာ အားလုံးထင်ကြတဲ့အတိုင်းဘဲ တကယ်ထူးခြားနေခဲ့ပါတယ်။ သူမရဲ့ ပထမဆုံးခြေလှမ်းဖြစ်တဲ့ FentyBeauty ကို ဖန်တီးခဲ့စဉ်ကလည်း Foundation အရောင်တွေများလွန်းလို့ လူတန်းစားအသားရောင်မျိုးစုံကြိုက်နှစ်သက်ခဲ့ကြပါတယ်။ သူမကိုယ်တိုင်ကလည်း လူမဲတယောက်ဖြစ်တဲ့အတွက် ဒီလို idea မျိုးကို အကောင်ထည်ဖော်မိတာလို့တော့ ထင်ပါတယ်။

အခုလည်း သူမရဲ့ fashion line အသစ်တခုဖြစ်တဲ့ Savage x Fenty ရဲ့အမျိုးသမီးအတွင်းခံကိုလည်း လူတန်းစားအသားရောင်မရွေး ကြိုက်နှစ်သက်ပြီး လိုက်ဖက်မယ့် nude color တွေကို မျိုးစုံထုတ်လုပ်လိုက်တာကို တွေ့ရပါတယ်။ Nude color လေးတွေဟာ အခုနောက်ပိုင်းအရမ်းခေတ်စားပြီး လူကြိုက်အများဆုံးအရောင်လို့တောင် ပြောလို့ရပါတယ်။ ဒါကြောင့်မို့ သူမအနေနဲ့ အသားရောင်အမျိုးမျိုးနဲ့ တထပ်တည်းကျစေမယ့် Nude color ကိုရွေးပြီး ထုတ်လုပ်လိုက်တာလို့ ထင်မိပါတယ်။ ဒါပေမယ့် သူမကတော့ Nude color တွေဘဲ သီးသန့်ထုတ်လုပ်ထားတာမျိုးတော့ မဟုတ်ပါဘူး။ အရောင်မျိုးစုံကို ဒီဇိုင်းစုံထုတ်လုပ်ထားတာကို တွေ့ရပါတယ်။ ဒါတင်မကသေးပါဘူး အတွင်းခံတွေရဲ့ size ကို သာမာန်အမျိုးသမီးတွေအတွက်ပါမက plus-size အမျိုးသမီးတွေအတွက်ပါ ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် တော်တော်လေးကို အဆင်ပြေတဲ့ brand တစ်ခုလည်း ဖြစ်ပါတယ်။ 

 

  

  

  

  

  

  

Leave a Reply:

Your email address will not be published. Required fields are marked *