ချစ်သူနဲ့စုံတွဲပုံ တင်လိုက်တဲ့ Beauty Blogger နေခြည်ဦး

May 28, 2018

လူငယ်တွေကြားမှာ တချီချီနဲ့ ရေပန်းစားကျော်ကြားနေတဲ့ Chilles တို့ရဲ့ ချီချီကိုတော့ အထူးမိတ်ဆက်ပေးစရာ မလိုလောက်ပါဘူးနော်။ အခုဆိုရင် ချီချီတယောက်ဟာ သူမရဲ့ Beauty, Fashion နဲ့ lifestyle တွေကိုသာမက သူမရဲ့ chillies တွေအတွက် ရုပ်ရှင်တွေတောင် ရိုက်နေပြီဆိုတော့ သူမရဲ့ကြိုစားအားထုပ်မှုဟာ  တော်တော်လေးခရီးရောက်လာပါတယ်။ မိန်းကလေးပရိသတ်များစွာကို ပိုင်ဆိုင်ထားတဲ့ ချီချီကတော့ ပထမ official တွဲခဲ့တဲ့ ချစ်သူ မင်းသားအောင်ရဲ့လင်းနဲ့ ပြတ်စဲသွားခဲ့တာလည်း အချိန်တော်တော်ကြားသွားခဲ့ပါပြီ။ အဲ့ဒီနောက်မှာ သူမနဲ့သတင်းတွေထွက်ခဲ့တဲ့ သူတွေရှိနေပေမယ့်လည်း သူမဘက်က အတိအကျပြောပြလေ့မရှိဘဲ interview တိုင်းမှာ ချစ်သူရှိနေရင် ပရိသတ်ကို အသိပေးသွားမှာပါလို့ အမြဲဖြေလေ့ရှိသူပါ။

အခုချိန်မှာတော့ သူမပြောတဲ့အတိုင်း ချစ်သူနဲ့ ပုဂံမှာရိုက်ထားတဲ့ စုံတွဲပုံကို သူမရဲ့ instagram မှာတင်ပြီး ချစ်သူရှိနေပြီဖြစ်ကြောင်း အသိပေးကြေငြာလိုက်ပါတယ်။ မကြာခဏဆိုသလို ချီချီရဲ့ My story မှာလည်း ယခုချစ်သူနဲ့သွားသွားလာလာပုံတွေကို တင်လေ့ရှိပေမယ့် official ချပြခြင်းမရှိခဲ့ပါဘူး။ ချီချီဟာ မိန်းကလေးပရိသတ်အခိုင်အမာရှိသူတစ်ယောက်ဖြစ်လို့ ချစ်သူရှိနေရင်လည်း အောင်မြင်မှုလျော့မသွားနိုင်ဘူးဆိုတာတော့ ရာနှုန်းပြည့်သေချာနေပါတယ်။

There’s always You ??

A post shared by Nay Chi Oo (@beautybynaychi) on

Leave a Reply:

Your email address will not be published. Required fields are marked *