မိန်းကလေးတိုင်း ရှိထားသင့်တဲ့ ဖက်ရှင်ပစ္စည်းများ

March 19, 2018

ရှေးခေတ်က တောင်းမှာအကွပ်၊ လူမှာအဝတ်ဆိုတဲ့ စကားပုံအတိုင်း ဝတ်စားဆင်ယင်ပုံဟာ လူတစ်ယောက်ရဲ့ အဆင့်အတန်းကိုကောင်းကောင်းဖော်ပြနိုင်ပါတယ်။ အဆင့်အတန်းဆိုတာ ချမ်းသာကြွယ်ဝခြင်းကိုဆိုလိုတာမဟုတ်ပဲ လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ဆိုလိုပါတယ်။ ကိုယ်က ဘယ်လောက်တော်တဲ့ သူပဲဖြစ်နေပါစေ အဝတ်အစားကို နေရာဒေသနဲ့လိုက်ဖက်မှုရှိအောင်မဝတ်ဆင်တတ်ရင် ကိုယ့် ဂုဏ်သိက္ခာလျော့ကျစေပါတယ်။ မိန်းကလေးတွေမှာလည်း ပေါ်သမျှအသစ်အဆန်းတိုင်း ဝတ်ဆင်တတ်တဲ့သူမျိုးမဟုတ်ရင်တောင် အလှအပအဆင်တန်ဆာတွေကို သိပ်စိတ်မဝင်စားရင်တောင် ကိုယ့်အလုပ်ကိစ္စ၊ လူမှုရေးကိစ္စတွေသွားလာရတဲ့အခါ အဆင်ပြေပြေဝတ်စားနိုင်ဖို့ မရှိမဖြစ်ဆောင်ထားသင့်တဲ့ အသုံးအဆောင်တွေကိုလေ့လာနိုင်ဖို့ဖော်ပြပေးလိုက်ပါတယ်။

၁။ အဖြူဗြောင် ရှပ်တစ်ထည်

အဖြူဗြောင်တီရှပ်၊ ဒါမှမဟုတ်ကြိုးတစ်ချောင်းအကျီဟာ ဘောင်းဘီ၊စကပ် ဘယ်လိုဒီဇိုင်း၊ ဘယ်လိုအရောင်နဲ့မဆိုလိုက်ဖက်မှုရှိတာကြောင့် ကိုယ့်ဆီမှာအမြဲဆောင်ထားဖို့လိုအပ်ပါတယ်။ အောက်ခံအနေနဲ့ ဝတ်ပြီး အပေါ်ကနေ ကြိုက်တဲ့အပေါ်ထပ်နဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါသေးတယ်။

၂။ ခြုံထည် (Scarf)

ခြုံထည်တွေဟာလည်း အသုံးတည့်သလို ဖက်ရှင်လည်းကျတဲ့ အသုံးအဆောင်တစ်ခုပါ။ အစည်းအဝေးခန်းတွေ၊ ပွဲလမ်းတွေမှာဆိုရင် အအေးဒဏ်ကိုကာကွယ်ပေးသလို ဖက်ရှင်လဲကျစေပါတယ်။ နေ့လည်နေ့ခင်းအပြင်ထွက်တဲ့အခါ နေရောင်ကိုလည်းကာကွယ်ပေးပါတယ်။ ခြုံထည်တွေဟာ စျေးကြီးတဲ့ပစ္စည်းမျိုးမဟုတ်တာကြောင့် ကိုယ့်ဆီမှာ ပုံစံနှစ်မျိုးသုံးမျိုးလောက်ဆောင်ထားပြီး ကိုယ်သွားမယ့်နေရာနဲ့သင့်တော်ရာကို ရွေးချယ်နိုင်ပါတယ်။

၃။ ကုတ်အကျီကောင်းကောင်တစ်ထည်

ကုတ်အကျီကောင်းကောင်းတစ်ထည်ရှိထားရင် အလုပ်နဲ့ပတ်သက်တဲ့အရေးကြီးကိစ္စတွေမှာ အဆင့်အတန်းရှိရှိဘယ်လိုဝတ်ဆင်ရမလဲဆိုတာခေါင်းကိုက်ဖို့မလိုတော့ပါဘူး။ ကုတ်အကျီဟာ မြန်မာဝတ်စုံ၊ ဘောင်းဘီ၊ စကပ် အစရှိသဖြင့် ဘာနဲ့မဆိုတွဲဖက်ဝတ်ဆင်လို့ရပါတယ်။

၄။ ဖိနပ်ကောင်းကောင်းတစ်ရံ

တကယ်လို့ ရှူးဖိနပ်ကောင်းကောင်းတစ်ရံကို ပွဲလမ်းသွားဝတ်ဆင်ဖို့ ဆောင်ထားမယ်ဆိုသိပ်အဆင်ပြေပါတယ်။ ကိုယ်က ဖိနပ်နဲနဲမြင့်ရင်တောင် မနေတတ်သူပါဆိုရင် ရှူးဖိနပ်အပါးကိုဆောင်ထားလို့ရပါတယ်။ တစ်ခုကောင်းကောင်း ဆောင်ထားလို့ရတာမို့ အရမ်းစျေးကြီးတဲ့တံဆိပ်မျိုးမဟုတ်ဘဲ အတန်အသင့်ရှိတဲ့ အမျိုးအစားကောင်းကောင်းကိုရွေးချယ်သင့်ပါတယ်။

Leave a Reply:

Your email address will not be published. Required fields are marked *