အသက်ကြီးပေမယ့် လန်းနေဆဲဖြစ်တဲ့ Monica Bellucci ရဲ့ ဖက်ရှင်
January 24, 2019
ဖက်ရှင်ဆိုတာ အသက်အရွယ် ကန့်သတ်ချက်မရှိဘူးဆိုတာကို သက်သေပြသွားသူကတော့ နာမည်ကျော် သရုပ်ဆောင်၊ မော်ဒယ် Monica Bellucci ဖြစ်ပါတယ်။ အသက် (၅၄) နှစ်ရှိပြီဖြစ်တဲ့ သူမဟာဆိုရင် နာမည်ကျော် ဟောလိဝုဒ်ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သလို Runway တော်တော်များများမှာလည်း တွေ့ခဲ့ရပါတယ်။
တကမ္ဘာလုံးက စံပြအတုယူရတဲ့ မင်းသမီးကြီးတစ်ဦးဖြစ်ပြီး ၂၂ရက်နေ့မှာ ကျင်းပခဲ့တဲ့ Dior ရဲ့ Couture show ပွဲမှာ အနီရောင် ကုတ်အင်္ကျီအရှည်ကို ဝတ်ဆင်ကာ ပွဲတတ်ရောက်လာခဲ့တာကို တွေ့ရပြီး သူမရဲ့ ဖက်ရှင်ဟာ တခြားသူတွေနဲ့ ကွဲပြားနေခဲ့တာကို တွေ့ရပါတယ်။ ဒါပေမဲ့ ဒီဖက်ရှင်မျိုးဟာ သူမရဲ့ ကိုယ်ပိုင်ဒီဇိုင်းတခုပါ။
အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့ သူမဟာဆိုရင် ဒီ Couture show ပွဲမှာ ဒီဇိုင်နာ Christian Louboutin ရဲ့ ဒူးအရှည်ရှိတဲ့ သရေရှုးဖိနပ်ကို ဝတ်ဆင်ထားကာ တခြား accessories တွေအနေနဲ့ oversize အရွယ်အစားရှိတဲ့ နေကာမျက်မှန်၊ အရွယ်အစားပုံစံကြီးတဲ့ နားကပ်၊ Dior ရဲ့ လက်ဆောင်စက္ကူအိတ်နဲ့ လက်ကိုင်အိတ်အနက်တစ်လုံးကို ကိုင်ဆောင်ထားပါတယ်။
သူမဟာ ဖက်ရှင်နဲ့ ပတ်သက်ပြီး အရင်ကတည်းက စတိုင်ကျကျ ဝတ်ဆင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဘယ်လောက်ထိ ဖက်ရှင်ကျတယ်ဆိုတာကို သူမ သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်တွေမှာ တွေ့မြင်နိုင်ပါတယ်။ သူမရဲ့ ဖက်ရှင်တွေက ရှုပ်ထွေးမနေဘဲ classic ဆန်ဆန်နဲ့ ဆွဲဆောင်မှုရှိတာကို အားလုံးလည်း သတိထားမိကြမှာပါ။ သူမရဲ့ ဖက်ရှင်ဒီဇိုင်းတွေဟာဆိုရင် တခြားသူတွေ လွယ်လွယ်ကူကူနဲ့ တုပဝတ်ဆင်လို့ ရနိုင်တာကြောင့် လူကြိုက်များနေခဲ့တယ်ဆိုလည်း မမှားပါဘူး။
Monica ဟာ အီတလီနိုင်ငံမှာ မွေးဖွားခဲ့ပြီး သရုပ်ဆောင်နဲ့ မော်ဒယ်တစ်ဦးအဖြစ် ရပ်တည်ခဲ့ကာ နာမည်ကျော် တန်ဖိုးကြီး brand တွေဖြစ်တဲ့ Dolce & Gabbana နဲ့ Dior တို့က ကျင်းပတဲ့ show တော်တော်များများမှာ Runway လျှောက်ခဲ့ပါတယ်။ အီတလီ၊ ပြင်သစ်နဲ့ ဟောလိဝုဒ် ဇာတ်လမ်းတော်တော်များများမှာ မင်းသမီးအနေနဲ့ ရပ်တည်ခဲ့ပြီး ကမ္ဘာ့အလှဆုံး အမျိုးသမီးစာရင်းတွေထဲမှာ မကြာခဏ ပါဝင်နေခဲ့တာကို တွေ့ရပါတယ်။ လက်ရှိအချိန်မှာတော့ သားသမီး (၂)ယောက်ရှိပြီး ပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူတစ်ဉီးပါ။
Ref : https://www.vogue.com