Met Gala ဖက်ရှင်ညမှာ ဆုံတွေ့ခဲ့ကြတဲ့ Gigi နဲ့ Selena
May 9, 2018

Met Gala ဆိုတာကတော့ New York ရဲ့ Metropolitan Museum of Art’s Costume Institute မှာကျင်းပပြုလုပ်တဲ့ အကြီးဆုံးဖက်ရှင်ညကြီးကို ဆိုလိုတာဖြစ်ပါတယ်။ Met Gala ပွဲကိုတော့ နာမည်ကျော် အဆိုတော်၊ သရုပ်ဆောင်တွေနဲ့ မော်ဒယ်တွေပါ တက်ရောက်လာကြတာဖြစ်လို့ အနုပညာရှင်များစွာကိုလည်း တစုတစည်းတည်း မြင်တွေ့နိုင်တဲ့ ပွဲကြီးလည်းဖြစ်ပါတယ်။ ဒီပွဲကိုတော့ ပျောက်ချက်သားကောင်းနေတဲ့ Selena Gomez တစ်ယောက် တက်ရောက်လာတာကိုလည်း တွေ့ခဲ့ရပါတယ်။ သူမရဲ့ သူငယ်ချင်းဖြစ်သူ နာမည်ကျော်ကြေးအကြီးဆုံး မော်ဒယ် Gigi Hadid နဲ့လည်း ပွေ့ဖက်ပြီး ကြင်နာစွာကို နှုတ်ဆက်နေကြတာကိုလည်း မြင်တွေ့ရပါတယ်။ သူမတို့နှစ်ယောက်ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ Taylor Swinft ကတော့ ဒီပွဲကို မတက်ရောက်ခဲ့ပါဘူး။ Taylor Swift ရဲ့ အောင်မြင်ကျော်ကြားခဲ့သော သီးချင်းတစ်ပုဒ်ဖြစ်တဲ့ ”Bad Blood” music video တစ်ခုမှာလည်း သူတို့သူငယ်ချင်းအုပ်စုကို တစုတစီးတည်း တွေ့ဖူးခဲ့ကြပါလိမ့်မယ်။
Selena Gomez ကတော့ Gigi ရဲ့ ညီမဖြစ်သူ Bella ရဲ့ရည်းစားဟောင်း The Weeknd နဲ့လမ်းခွဲခဲ့ကြတာလည်း မကြာသေးပါဘူး။
Gigi ဝတ်ဆင်ထားတဲ့ dress ကတော့ Versace ကဖြစ်ပြီး Selena ဝတ်ဆင်ထားတဲ့ ဝတ်စုံကတော့ Coach ကဖြစ်ပါတယ်။