Golden Globes 2018 ပွဲကို အနီရောင်ဝတ်ဆင်လာသော Meher Tatna နဲ့ Blanca Blanco

January 12, 2018

Golden Globes 2018 ပွဲမှာ ‘Time’s Up’ campaign အတွက် Celebrity တွေအားလုံးဟာ အနက်ရောင်ကို ဝတ်ဆင်ခဲ့ကြသော်လည်း အနက်မဝတ်ဆင်ဘဲလာတဲ့သူ နှစ်ဦးရှိနေပါတယ်။ သူတို့ကတော့ Meher Tatna နဲ့ Blanca Blanco တို့ဘဲဖြစ်ပါတယ်။ ‘ Time’s Up ‘ campaign ရဲ့ ရည်ရွယ်ချက်ကတော့ လိင်ပိုင်းဆိုင်ရာအလွဲသုံးစားမှုနှင့် အကြမ်းဖက်နှောင့်ယှက်မှုများကို ခံနေရသော ဥပဒေရေးရာအထောက်အပံ့ရှာဖွေနေတဲ့ အမျိုးသမီးများအတွက် ရန်ပုံငွေဖန်တီးပေးခြင်းသာ ဖြစ်ပါတယ်။ အားလုံးကတော့ ထင်မြင်ယူဆချက်အမျိုးမျိုးနဲ့ ဝေဖန်နေကြပြီး သူတို့နှစ်ဦးဟာ ‘Time’s Up’ campaign နဲ့ပတ်သက်ပြီး ကွဲပြားတဲ့အကြောင်းပြချက်တွေ ရှိနေတယ်လို့ ပြောဆိုဝေဖန်နေကြတာကိုလည်း တွေ့ရပါတယ်။ Meher Tatna ကတော့ Hollywood Foreign Press Association (HFPA) က president တစ်ယောက်ဖြစ်ပြီး  အနီရောင်ဝတ်ဆင်လာခြင်းအတွက် သူမရဲ့ ရှင်းပြချက်ကတော့ festive color ကို သူမရဲ့ Indian culture ကြောင့်သာ ဝတ်ဆင်လာခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။ Blanca Blanco ရဲ့ ဖြေရှင်းချက်ကတော့ ‘I love red’ ပါတဲ့

Leave a Reply:

Your email address will not be published. Required fields are marked *