Meghan Markle ဝတ်ဆင်ခဲ့သော Fashion

January 10, 2018

Meghan Markle နဲ့ Prince Harry တို့ဟာ သူတို့ရဲ့ second official engagement ကို January လ ၉ရက်နေ့ နေ့လည်မှာ ပြုလုပ်ခဲ့ပါတယ်။ သူတို့စုံတွဲဟာ လူငယ်တွေကိုထောက်ပံ့ဖို့ရန်အတွက် လန်ဒန်ရှိ Reprezent radio station ကိုသွာရောက်ခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ လမ်းပေါ်ရှိလူအုပ်ကြီးကို နှုတ်ဆက်ခဲ့ကြပြီး style blogger တွေကတော့ မင်းသမီးရဲ့ fashion ကို စိတ်ဝင်စားခဲ့ကြပါတယ်။

သူမကို တွေ့ရတဲ့ Fashion ကတော့ ရိုးရှင်းပေမယ့် လူအများဆုံးစိတ်ဝင်စားခဲ့တာကြောင့် Fashion hack ကြည့်လိုက်ရအောင်။ သူမဝတ်ဆင်ထားတဲ့ အပေါ်ထပ်ကတော့ SMYTHE brand ထဲက ’Brando coat’ ကို ဝတ်ဆင်ထားပါတယ်။ ’Brando coat’ ရဲ့ စျေးနှုန်းကတော့ $995.00 ဖြစ်ပါတယ်။ သူမဝတ်ဆင်ထားတဲ့ Sweater ကတော့ Marks & Spencer brand ဖြစ်ပြီး စျေးနှုန်းကတော့ official website မှာ $60 ပါတဲ့နော်။ နောက်ဆုံးအနေနဲ့ Trousers ကတော့ Burberry ကပါ $990 ရှိပါတယ်။

  

 

သူမဝတ်ဆင်ထားတာ Design လေးက ရိုးရှင်းပေမယ့် သူမရဲ့အလှနဲ့ပေါင်းစပ်လိုက်ရင် အားလုံးရဲ့အမြင်မှာ တော်တော်လေး မျက်စိကျခဲ့ရပါတယ်။ သိပ်ချစ်စရာကောင်းတဲ့ အပြုံးလေးနဲ့ public ကိုနှုတ်ဆက်နေတာ အရမ်းကိုနွေးထွေးတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် မြင်တွေ့နိုင်ပါတယ်။

Leave a Reply:

Your email address will not be published. Required fields are marked *