Women’s March ပွဲတော်မှာ အားကစားတီရှပ်လေးနဲ့ ပါဝင်ဆင်နွှဲခဲ့တဲ့ Marisa Tomei

January 22, 2019

ဇန်နဝါရီ(၂၀)ရက်နေ့က Los Angeles နဲ့ New York မြို့မှာကျင်းပခဲ့တဲ့ တတိယအကြိမ်မြောက် Women’s March ပွဲတော်ကို နာမည်ကျော် မင်းသမီး Marisa Tomei တတ်ရောက်လာတာကို တွေ့ရပါတယ်။ Women’s March ပွဲတော်ဟာဆိုရင် LGBTQ အခွင့်အရေး၊ ကျားမ တန်းတူညီမျှရေး၊ ကျန်းမာရေးစောင့်ရှောက်မှုစတဲ့ အခွင့်အရေးတွေကို တောင်းဆိုတဲ့ပွဲဖြစ်ပြီး တစ်ကမ္ဘာလုံး မြို့ကြီးတွေမှာ တက်ကြွလှုပ်ရှားသူတွေ ထောင်သောင်းချီပါဝင်ဆင်နွှဲကြပါတယ်။ ဒီပွဲမှာဆိုရင် ကျားမလူမျိုးမရွေးပါဝင်တဲ့အပြင် ကမ္ဘာကျော်အနုပညာရှင်တွေနဲ့ ဆယ်လီတွေပါ လာရောက်အားဖြည့်ကြတာကိုလည်း တွေ့ရပါတယ်။

Marisa Tomei ကတော့ ဒီပွဲမှာ speaker တစ်ယောက်အဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒီ Women’s March ပွဲတော် ကို သူမဟာဆိုရင် မနှစ်ကလည်းပါဝင်ဆင်နွှဲခဲ့ပါသေးတယ်။ ဒီနှစ်မှာတော့ ပေါ့ပေါ့ပါးပါး ဝတ်စုံလေးနဲ့ တက်ရောက်လာခဲ့ပြီး တီရှပ်အဖြူနဲ့ ဘောင်းဘီအပွကို ရှူးဖိနပ်လေးနဲ့ တွဲဖက်ဝတ်ဆင်ခဲ့တာပါ။ သူမဝတ်ဆင်လာခဲ့တဲ့ တီရှပ်အဖြူဟာဆိုရင် သာမန်တီရှပ်ပုံစံမဟုတ်ဘဲ အားကစားသမားတွေ ဝတ်ဆင်ကြတဲ့ ဒီဇိုင်းမျိုးပါ။

ဒီလမ်းလျှောက်ချီတတ်ပွဲ တစ်လျှောက်လုံးမှာ Tomei ဟာ Colin Kaepernick ဒီဇိုင်းဖြစ်တဲ့ white tee လို့ခေါ်တဲ့ အဖြူရောင်တီရှပ်ကို ဝတ်ဆင်ခဲ့တာ အားလုံးလည်း မြင်ခဲ့ကြမှာပါ။ ဒီ အားကစားတီရှပ်တွေရဲ့ ထူးခြားချက်က ကျား၊မ ခွဲခြားထားခြင်း မရှိတာပါ။ ဒါကြောင့် Tomei က ဒီတီရှပ်အဖြူကို Women’s March  ချီတတ်ပွဲမှာ ဝတ်ဆင်ဖို့ ရွေးချယ်ခဲ့တာဖြစ်ပြီး အဖြူရောင် အားကစားတီရှပ်ဟာ သူမကို လွတ်လပ်ပေါ့ပါးမှု ရစေတယ်လို့ Tomei က vogue မဂ္ဂဇင်းရဲ့ အင်တာဗျူးမှာလည်း ပြောသွားခဲ့ပါသေးတယ်။

Tomei ဟာ ၂၀၁၆ ကတည်းက အမျိုးသမီးအခွင့်အရေးအတွက် ကျင်းပတဲ့ ပွဲတော်တော်များများမှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ သူမဟာ အမေရိကန် ဟောလိဝုဒ်သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး BAFTA Award, Golden Globe Awards နှစ်ဆု၊ Screen Actors Guild Awards သုံးဆု ရရှိထားသူ ဖြစ်ပါတယ်။ ၁၉၆၄ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ သူမဟာဆိုရင် ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ အသက် ၅၅ နှစ်ပြည့်သွားခဲ့ပါပြီ။ TV shows တော်တော်များများမှာလည်း ပါဝင်ခဲ့ပြီး လူသိများတဲ့ ဇာတ်လမ်းတွေကတော့ Spider-Man: Far From Home နဲ့ Frankie တို့ပဲဖြစ်ပါတယ်။

 

Ref : https://www.vogue.com/

 

Leave a Reply:

Your email address will not be published. Required fields are marked *