တော်ဝင်မိသားစုအနေဖြင့် ပထမဆုံးအကြိမ် လူထုရှေ့ကို ထွက်ခဲ့သော Meghan Markle’s Fashion

May 23, 2018

Prince Harry နဲ့ ပူပူနွေးနွေမင်္ဂလာဆောင်ထားတဲ့ Princess Meghan Markle ကတော့ အခုချိန်မှာ တော်ဝင်မိသားစုဝင်တစ်ဦးဖြစ်နေပါပြီ။ မင်္ဂလာဆောင်ပြီး ၃ရက်မြောက်နေ့ (မေလ ၂၂ ရက်နေ့) မှာတော့ တော်ဝင်မိသားစုအနေဖြင့် လူထုရှေ့ကို ရောက်ရှိလာခဲ့တာဟာ သူမအတွက် ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ မေလ ၂၂ ရက်နေ့ကတော့ Meghan ရဲ့ ယောက္ခထီးဖြစ်သူ Prince Charles ရဲ့ အသက် ၇၀ ပြည့်မွေးနေ့ဖြစ်တာကြောင့် Prince Harry နဲ့ Princess Meghan Markle  တို့ရဲ့ ဟန်းနီးမွန်းခရီးကို ရွှေ့ဆိုင်းလိုက်တယ်လို့လည်း ဆိုပါတယ်။ အမှန်တကယ် Prince Charles ရဲ့ မွေးနေ့ကတော့ နိုဝင်ဘာလ ၁၄ ရက်နေ့မှာဖြစ်ပေမယ့် The Charities Patroned by Prince Charles မှ ဧည့်သည်တော် ၆ထောင် တို့ကို ဖိတ်ကြားပြီး Prince Harry တို့စုံတွဲနဲ့အတူ မွေးနေ့ပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။

Meghan တယောက်ကတော့ သူ့အတွက် တော်ဝင်မင်းသမီးအနေနဲ့ တက်ရောက်တာ ပထမဦးဆုံးအကြိမ်ဖြစ်ပေမယ့် ယုံကြည်မှုရှိရှိနဲ့ ဖက်ရှင်ကျကျဖြတ်သန်းခဲ့ပါတယ်။ Creamy အရောင် Dress လေးကို အပါးသား လက်စကစတိုင်လေးနဲ့ ပေါင်းစပ်ပြီး ဒီဇိုင်နာ Jane Lewis က အရိုးရှင်းဆုံးဖန်တီးချုပ်လုပ်ပေးထားပြီး တော်ဝင်မင်းသမီးဆန်ဆန် Dress နဲ့လိုက်ဖက်တဲ့ ဦးထုပ်အဝိုင်းလေးကို ဆောင်းထားပါတယ်။ Meghan ကတော့ အသစ်စက်စက် တော်ဝင်မိသားစုဝင်ဖြစ်ပေမယ့် သူမပုံစံအတိုင်း ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိရှိဖြတ်သန်းနေပုံက အမျိုးသမီးတိုင်းအတုယူသင့်ပါတယ်။ Meghan ကိုနောင်တချိန်မှာ အမျိုးသမီးတွေရဲ့ စံပြအမျိုးသမီးတယောက်ဖြစ်လာလိမ့်မယ်လို့လည်း အားလုံးကယုံကြည်နေကြပါတယ်။

Leave a Reply:

Your email address will not be published. Required fields are marked *