မိကျောင်းတံဆိပ်နဲ့မဟုတ်ဘဲ တခြားတိရိစ္ဆာန် logo တွေနဲ့ ယာယီတွေ့ရအုံးမယ့် POLO Shirt

March 5, 2018

Lacoste ကနေထုတ်တဲ့ မိကျောင်းတံဆိပ် polo shirt လေးတွေဟာ လူတိုင်းနဲ့ရင်းနှီးပြီးသားဖြစ်လို့ အားလုံးသိကြလိမ့်မယ်လို့ ထင်ပါတယ်နော်။ အခုတော့ ဒီ shirt လေးတွေရဲ့ logo ကို မိကျောင်းတံဆိပ်နဲ့မဟုတ်ဘဲ တခြားတိရိစ္ဆာန် ၁၀မျိုးရဲ့ logo နဲ့ ထုတ်လုပ်လိုက်တဲ့အကြောင်းကို မတ်လ ၁ရက်နေ့ Paris Fashion Week မှာ launch လုပ်လိုက်ပါတယ်။ ”Save Our Species” ဆိုတဲ့ campaign တစ်ခုဖြစ်တာကြာင့် အကန့်သတ်နဲ့ထုတ်လုပ်သွားမယ်လို့လည်း သိရပါတယ်။ အံ့သြလောက်စရာကောင်းတာကတော့ launch လုပ်တဲ့နေ့မှာဘဲ sold out ဖြစ်သွားတဲ့ထိ အားပေးကြမ်းခဲ့ကြပါတယ်။

French clothing company ကတော့ shirt စုစုပေါင်း 1,775 ထည်ထုတ်လုပ်ထားပါတယ်။ ဒီ campaign အတွက် နိုင်ငံတကာသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောက်ရှောက်ရေးအဖွဲ့အစည်းနဲ့လည်း ဆွေးနွေးပြီး ထုတ်လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ IUCN အနေနဲ့လည်း တိရိစ္ဆာန်တွေမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ ခြိမ်းခြာက်မှု့တွေကို ရပ်တည်ကာကွယ်ပေးတဲ့ အနေနဲ့ ထုတ်လုပ်တာဖြစ်တယ်ဆိုတာကို ပြောကြားထားပါသေးတယ်။

Lacoste အနေနဲ့ မိကျောင်းတံဆိပ် logo ကိုတော့ ၁၉၃၆ ခုနှစ်မှာ စတင်မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။

Leave a Reply:

Your email address will not be published. Required fields are marked *