Kylie Jenner ရဲ့ Style နဲ့ Fashion တွေကို စပ်စုကြမယ်…..

January 11, 2018

ကဲ ဒီတခါတော့ အမျိုးသမီး၊ အမျိုးသား အများစုရဲ့ ချစ်ခင်စိတ်ဝင်စားခံရသော Model တစ်ယောက်ဖြစ်တဲ့ Kylie  Jenner ရဲ့ Fashion အကြောင်းကို စပ်စုကြည့်ရအောင်လေ။ သူမရဲ့ လှပတဲ့ ခန္ဓာကိုယ်အချိုးအစားကြောင့် Style နဲ့ Fashion ကတော့ အမြဲသစ်လွင်ပြီး လူအများအမြဲသတိပြုမိစရာ ဖြစ်နေရပါတယ်။ ဒါကြောင့်မို့ ကိုယ်အားကျရတဲ့ celebrity တစ်ယောက်ကို Fashion ကျပြီး လှပအောင်ဆွဲဆောင်နိုင်တဲ့ Brand တွေကို စပ်စုလိုက်ရအောင်….

ပထမဆုံးအနေနဲ့ ဒီ leather fashion လေးကတော့ MAGDA BUTRYM က $3,750 ရှိတဲ့ “Nebraska Leather Jacket” ဆိုတဲ့ အင်္ကျီဖြစ်ပြီး leather skirt ကတော့ “Omaha Skirt” ဖြစ်ပါတယ်။ စျေးနှုန်းကတော့ $1,875 ပါ။

 

ဒီ Swimwear လေးကတော့ BURBERRY ကပါနော်။ စျေးနှုန်ကတော့ burberry ဆိုတော့ သိတဲ့အတိုင်းဘဲ ဒေါ်လာ $475 ဖြစ်ပါတယ်။

Christmas Eve မှာ Kylie ဝတ်ခဲ့တဲ့ ဒီ Leather Coat လေးကတော့ FRAME ကဖြစ်ပြီး $1,746 ဖြစ်ပါတယ်။

သူမဝတ်ထားတဲ့ Top အဖြူလေးကတော့ HOUSECB ကဖြစ်ပြီး $60 ပါတဲ့နော်။

လည်ရှည်အနီရောင် sweater လေးကတော့ BALENCIAGA ကဖြစ်ပြီး sale ချတဲ့အချိန်နဲ့ တိုက်ဆိုင်ခဲ့ရင်တော့   $690 နဲ့ ရနိုင်ပါတယ်နော်။

all black fashion လေးကတော့ ရိုးရှင်းပေမယ့် မြင်သူတိုင်း မျက်စိကျလောက်တဲ့ design လေးပါ။ dress လေးကတော့ BALMAIN ကဖြစ်ပြီး $6,270 လောက်ရှိပါတယ်။ Shoe အနက်လေးကတော့ YSL ကဖြစ်ပြီး $795 ဖြစ်ပါတယ်။

Leave a Reply:

Your email address will not be published. Required fields are marked *