Holiday Party မှာ ငွေရောင်ဝတ်စုံနဲ့ အလှဆုံးဖြစ်ခဲ့တဲ့ Kylie Jenner

December 26, 2018

Kylie Jenner ဟာဆိုရင် နာမည်ကျော် ထိပ်တန်းမော်ဒယ်တစ်ဦးဖြစ်သလို Kylie cosmetic ပိုင်ရှင်လည်းဖြစ်ပါတယ်။ သူမရဲ့ ဖက်ရှင်တွေကို မီဒီယာတွေမှာ မကြာခဏတိုင်း တွေ့ရပါတယ်။ ခန္ဓာကိုယ်လှပသူတစ်ယောက်ဖြစ်တာကြောင့် သူမဝတ်ဆင်တဲ့ ဝတ်စုံတွေကို အားလုံးက စိတ်ဝင်စားကြပါတယ်။

ဖက်ရှင်ပိုင်းမှာလည်း သူမကိုယ်တိုင် ထုတ်လုပ်ထားတဲ့ ဝတ်စုံတွေရှိသလို အစ်မဖြစ်တဲ့ Kendall Jenner နဲ့ အတူပူးပေါင်းထုတ်လုပ်ထားတဲ့ ဒီဇိုင်းတွေလည်း ရှိပါတယ်။ ပြီးခဲ့တဲ့ လတုန်းက ညီမနှစ်ယောက် ပူးပေါင်းထုတ်လုပ်ထားတဲ့ ဒီဇိုင်းတွေကို ဖိလစ်ပိုင်နိုင်ငံမှာ ဖြန့်ချီရောင်းချခဲ့ပါသေးတယ်။

ဆောင်းရာသီရဲ့ ပထမဆုံး  Holiday Party ကို တက်ရောက်လာခဲ့တဲ့ Kylie Jenner ရဲ့ ဝတ်စုံဟာဆိုရင် သတ္ထုငွေရောင်ဖြစ်ပြီး အမွှေးအတောင်တွေ တပ်ဆင်ထားပါသေးတယ်။  ရင်ပြတ်ဝတ်စုံဖြစ်ပြီး အရှည်ကတော့ ပေါင်လည်လောက်သာ ရှိပါတယ်။ ကိုယ်ကျပ်ဝတ်စုံပုံစံဖြစ်တာကြောင့် ကိုယ်ခန္ဓာကိုယ်ရဲ့ အလှတွေကိုလည်း ပေါ်လွင်နေစေပါတယ်။ ပါတီပွဲတွေ၊ ညစာစားပွဲတွေ စတဲ့ ပွဲတွေနဲ့လည်း လိုက်ဖက်ညီပါတယ်။ ခန္ဓာကိုယ်ရဲ့ အလှကို ပေါ်လွင်စေတာကြောင့်လည်း အမျိုးသမီးတွေ ကြိုက်နှစ်သက်မှာလည်း သေချာပါတယ်။

 

View this post on Instagram

 

the drama

A post shared by Kylie (@kyliejenner) on

ဒီ Holiday Party ဟာဆိုရင် ပြီးခဲ့တဲ့ညက Los Angeles မှာ ကျင်းပခဲ့တာပါ ဖြစ်ပြီး လက်ကိုင်အိတ်အသေးလေးနဲ့ ငွေရောင် ဖိနပ်တို့ကို အရောင်ဆင်တူ ဝတ်ဆင်ခဲ့တာကို တွေ့ရပါတယ်။ သူမဝတ်ဆင်ထားတဲ့ နားကပ်ဟာဆိုရင်လည်း သလင်းကျောက်နဲ့ ပုလဲ ပေါင်းစပ်ထားတာဖြစ်ပါတယ်။ အလိုအပိုမရှိ ဆန်းဆန်းလေးနဲ့ လှနေတာကြောင့် အသေးစိတ်ကစ သေသေချာချာပြင်ဆင်လာတာကို အားလုံးလည်း သတိထားမိကြမှာပါ။ ဒီလိုစေ့စပ်သေချာတာကြောင့်လည်း အမျိုးသမီးငယ်တွေရဲ့ ဖက်ရှင်စံပြရလောက်တဲ့သူ တစ်ဦးဖြစ်လာခဲ့တာပေါ့နော်။

 

View this post on Instagram

 

A post shared by Kylie (@kyliejenner) on

သူမကို ထင်ရှားသွားစေတဲ့ အချက်တစ်ချက်က ညအချိန်ကျင်းပတဲ့ ပါတီပွဲအတွက် ငွေရောင်ဝတ်စုံကို ရွေးချယ်လိုက်ခြင်းပါပဲ။ ဒီငွေရောင်ဝတ်စုံဟာဆိုရင် ညအချိန်မှာ ထွန်းတဲ့ မီးရောင်တွေကြားမှာ ပိုပြီး ထင်ရှားစေပြီး ပျိုမေတို့အနေနဲ့ ညအချိန်မှာ ကျင်းပတဲ့ ပါတီပွဲ၊ ညစာစားပွဲတွေနဲ့ နှစ်ပတ်လည်ပွဲတွေမှာ ငွေရောင်လိုမျိုး အရောင်တောက်တောက် ဝတ်စုံတွေကို ရွေးချယ်ပေးဖို့ အကြံပေးလိုက်ပါတယ်။

 

Leave a Reply:

Your email address will not be published. Required fields are marked *