ကလေးတွေကို LV အိတ်လက်ဆောင်ပေးခဲ့တဲ့ Kim Kardashian

January 14, 2019

TV star တစ်ယောက်ဖြစ်တဲ့ Kim Kardashian ဟာဆိုရင် Kim Kardashian West လို့အမည်ပေးထားတဲ့  ကိုယ်ပိုင်လက်ကိုင်အိတ်ဒီဇိုင်းတွေကို ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ ကိုယ်ပိုင်ဒီဇိုင်းကို မိတ်ဆက်တဲ့အခါမှာလည်း သူမရဲ့ သမီးလေးက အကူအညီပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ခရစ်စမတ်နေ့တုန်းက Kardashian-Jenner မိသားစုတွေအကုန်လုံး စုံစုံညီညီရှိခဲ့ပါတယ်။ ဒီအချိန်မှာ  Kim Kardashian က သမီးနဲ့ တူမတွေကို ခရစ်စမတ်လက်ဆောင်အဖြစ် ဒေါ်လာ ၁၀၀၀ ကျော်တန် LV အိတ်တစ်လုံးစီ လက်ဆောင်ပေးခဲ့ပါတယ်။ ကစားစရာ အရုပ်တွေအစား LV အိတ်ကို လက်ဆောင်ပေးခဲ့တာပါ။

ကလေးတွေအတွက် ဒီ LV အိတ်ကို ဂျပန်ကနေ မှာယူခဲ့တယ်လို့ သူမရဲ့ Instagram နဲ့ Kim Kardashian West twitter မှာ တင်ထားခဲ့ပါတယ်။ ဓါတ်ပုံထဲမှာတော့ LV အိတ်စုစုပေါင်း (၈)လုံးရှိပါတယ်။ ကလေး (မိန်းကလေး) တွေကိုပဲ သီးသန့်ပေးခဲ့တာပါ။ ကလေးတွေအတွက် ဂျပန်ကနေ မှာယူခဲ့တဲ့ ခရစ်စမတ်လက်ဆောင်ဆိုပြီး caption ရေးထားတာကိုလည်း တွေ့ရပါတယ်။

ဒီ LV အိတ်ဟာဆိုရင် နာမည်ကျော် Takashi Murakami collection ထဲကဖြစ်ပြီး ဈေးနှုန်းအတိအကျကတော့ ဒေါ်လာ ၁၁၀၀ တန်ဖိုးရှိတယ်လို့ Daily Mail က ဖော်ပြထားပါတယ်။ သမီးနဲ့ တူမတွေဖြစ်ကြတဲ့ ချီကာဂိုမြောက်ပိုင်းမှာ နေထိုင်တဲ့ Kourtney Kardashian’s ရဲ့သမီး Penelope၊ Kylie Jenner ရဲ့ သမီး Stormi၊ Khloe Kardashian ရဲ့ သမီး True နဲ့ Rob ၊ Kardashian ရဲ့သမီး Dream တို့ကို တစ်ယောက်တစ်လုံးစီ ပေးခဲ့ပါတယ်။ ကျန်တဲ့ (၂)လုံးကို ဘယ်သူကို ပေးရမလဲဆိုပြီး မေးထားပါသေးတယ်။ ဒီ LV အိတ်တွေကို ၁၁ လပိုင်းကတည်းက ဝယ်ထားခဲ့တာ ဖြစ်ပါတယ်တဲ့။

Kylie Jenner ရဲ့ Instagram ထဲမှာတော့ သမီး Stormi  ကို LV အိတ်ပေးနေတဲ့ ဗီဒီယိုလေးတခု တင်ထားကို တွေ့ရပါတယ်။ “ဒယ်ဒီက ခုံအသစ်တစ်လုံးလက်ဆောင်ဝယ်ပေးပြီး အံ့သြစရာကောင်းတဲ့ အိတ်တစ်လုံးကိုလည်း ရထားတာ မယုံနိုင်စရာပါပဲလို့” သူမရဲ့ ဗီဒီယိုအောက်မှာ caption ရေးထားပြီး ဗီဒီယိုမှာ like ၈သန်းကျော်နဲ့ comment ပေါင်း ၁သိန်းကျော် ရှိနေပါတယ်။

 

View this post on Instagram

 

daddy dropped off a new chair for stormi??? and omg this girl threw the bag over her shoulder i can’t.

A post shared by Kylie (@kyliejenner) on

ဒါကို ကြည့်ခြင်းအားဖြင့် Kardashian-Jenner မိသားစုဟာ ဒီဇိုင်နာမိသားစုပီသကြောင်း ပြသနေသလိုပါဘဲ။

Ref: https://www.thisisinsider.com

Leave a Reply:

Your email address will not be published. Required fields are marked *