အမေ့ခြေရာကိုတစ်ထပ်ထဲလိုက်နိုင်ခဲ့တဲ့ Cindy Crawford ရဲ့သမီးလေး Kaia

May 16, 2018

ကိုးဆယ်ခုနှစ်များတုန်းက သိပ်ကိုနာမည်ကျော်ကြားခဲ့တဲ့ supermodel Cindy Crawford ရဲ့ သမီးလေး Kaia Gerber ဟာ အမေ့လိုပဲ ဖက်ရှင်သွေးအပြည့်ပါပြီး အမေ့ခြေရာကိုလိုက်နင်းနိုင်တဲ့သူတစ်ယောက်ဖြစ်နေပါပြီ။

A post shared by Kaia (@kaiagerber) on

အသက် ၁၆နှစ်ပဲရှိသေးပေမယ့် လှသွေးကြွယ်ပြီး ဖက်ရှင်ပိုင်းမှာလဲ အမြင်ရှိတဲ့ Kaia ဟာအသက် ၁၀နှစ်လောက်ကတည်းက Versace ရဲ့ ဂျူနီယာမိုဒယ်လ်တစ်ယောက်အနေနဲ့ မိုဒယ်လ်လောကထဲကို ခြေလှမ်းစခဲ့တာပဲဖြစ်ပါတယ်။ နာမည်ကြီးတဲ့ ဖက်ရှင် line တွေဖြစ်တဲ့ Calvin Klein, Marc Jacobs, Burberry, Alexander Wang, Coach, Prada, Chanel, Fendi, Moschino တို့အတွက် fashion show တွေမှာပါဝင်ခဲ့ပြီး Vogue, Teen Vogue နဲ့ Pop စတဲ့ မဂ္ဂဇင်းတွေအတွက်လဲ မိုဒယ်လ်လုပ်ပေးခဲ့ပါသေးတယ်။

A post shared by Kaia (@kaiagerber) on

ဒီ ၂၀၁၈ ခုနှစ်ကနေစပြီးတော့ Versace, Calvin Klein, Marc Jacobs နဲ့ Omega တို့ရဲ့ Spring 2018 campaign တွေမှာပါဝင်လာရပြီဖြစ်ပါတယ်။ အက်မင့်အတွက်အစွဲလမ်းရဆုံးကတော့ မိခင်ဖြစ်သူ Cindy Crawford နဲ့နှစ်ပေါင်းများစွာလက်တွဲခဲ့တဲ့ Omega ရဲ့ Brand Ambassador အဖြစ်ဆက်ခံခဲ့တဲ့အကြောင်းလေးပါပဲ။ Omega ရဲ့ Brand Ambassador အဖြစ်ခန့်အပ်ခံရတာဟာ Kaia တစ်ယောက်တည်းမဟုတ်ပဲ သူ့အစ်ကိုဖြစ်သူ Presley Gerber ပါ ပါဝင်ပါတယ်။

A post shared by Kaia (@kaiagerber) on

ကိုယ်တွေငယ်ငယ်တုန်းက မဂ္ဂဇင်းတွေမှာ စာမျက်နှာအပြည့်ပါလေ့ရှိတဲ့ Cindy Crawford နဲ့ Omega နာရီကြော်ငြာလေးကို သူမရဲ့သမီးဖြစ်သူ Kaia နဲ့ပြန်တွေ့ရတာဟာ ကိုယ်တွေရဲ့ငယ်ဘဝတွေကို တနည်းတဖုံပြန်သတိရစေလို့ပါပဲ။ ကိုယ်တွေစွဲလမ်းခဲ့ရတဲ့ ဒေါင်မြင့်မြင့်နှုတ်ခမ်းနားမှာမှဲ့နဲ့ သိပ်ကိုစွဲဆောင်နိုင်စွမ်းရှိတဲ့ Cindy Crawford တစ်ယောက်အောင်မြင်ခဲ့၊ အောင်မြင်နေဆဲဖြစ်သလိုမျိုး သူ့ရဲ့သမီးလေးဖြစ်သူ Kaia တစ်ယောက် အမေ့ထက်ပိုပြီးအောင်မြင်နိုင်ပါစေလို့ ……

Leave a Reply:

Your email address will not be published. Required fields are marked *