လူသတိထားမိစရာဖြစ်ခဲ့တဲ့ Kendall Jenner ရဲ့ Winter Fashion

December 18, 2017

Kendall Jenner ဆိုတာကတော့ အရမ်းလှပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ Model တစ်ဉီးဖြစ်ပါတယ်။ မိန်းကလေးများရဲ့အချစ်တော် Kylie Jenner ရဲ့ အမလည်းဖြစ်ပြီး Kendall Jenner ကိုတော့ အားလုံးသိပြီးသားဖြစ်မှာပါနော်။ သူမရဲ့ Fashion တွေကလည်း လူတွေအမြင်မှာ ပေါ်လွင်ပြီး သတိထားမိစရာ အမြဲဖြစ်နေစေပါတယ်။ အခုလည်း သူမရဲ့ Street Style Fashion ကြောင့် အားလုံးရဲ့အမြင်မှာ ရယ်စရာတစ်ခုအဖြစ် ကျန်ရစ်ခဲ့ပေမဲ့ တချို့ကတော့ ဘယ်သူနဲ့မှ မတူတဲ့ Fashion ဖြစ်လို့ သဘောကျခဲ့ကြပါတယ်။

New York ရဲ့ Victoria’s Secret Fashion Show ကိုသွားတဲ့အချိန်မှာ သူမရဲ့ ဝတ်ဆင်ထားတဲ့ Fashion ကို လူအများကသတိထားမိခဲ့တာဖြစ်ပြီး သူမဝတ်ဆင်ထားတာကတော့ အနက်ရောင် skinny Jeans ကိုဝတ်ဆင်ထားပါတယ်။ အင်္ကျီကိုတော့ Saint Laurent leather jacket ဝတ်ဆင်ထားပြီး ဖိနပ်ကိုတော့ ankle boots ဝတ်ဆင်ထားပါတယ်။ leather jacket အောက်မှာတော့ သူမရဲ့ Street style ကို သတိထားမိစေတဲ့ Hoddie တစ်ထည်ကို ဝတ်ဆင်ထားတာဖြစ်ပါတယ်။ ဒီ Hoddie ကိုတော့ FORWARD brand ကထုတ်လုပ်ထားတဲ့ UNRAVEL Oversized Cashmere လို့ခေါ်တဲ့ Hoodie ဖြစ်ပါတယ်။ Hoodie ရဲ့ဒီဇိုင်းက တခြား brand တွေမှာမရှိနိုင်တဲ့ ဒီဇိုင်းတစ်ခုပါ။ Hoodie ရဲ့ထူးခြားတဲ့ အင်္ကျီလက်ဟာ သာမာန်ထက် ၆လက်မသာသာပိုရှည်နေတာကိုက brand ရဲ့ကိုယ်ပိုင်ဒီဇိုင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ Hoodie ကိုဝတ်ဆင်တဲ့အခါမှာတော့ အင်္ကျီရဲ့လက်မှာ လက်အစီးလေးပါတဲ့အတွက် အောက်ကိုရှည်ကျမသွားဘဲ လက်ကောက်ဝတ်နားမှာ ပုံကျပြီးထူးထူးခြားခြားလေးနဲ့ ဒီဇိုင်းဆန်းလေးကို တွေ့ရမှာဖြစ်ပါတယ်။ အင်္ကျီတစ်ထည်လုံးကို 95% cotton, 5% cashmere နဲ့ပြုလုပ်ထားတဲ့ Portugal brand တစ်ခုဖြစ်ပါတယ်။ ဒီ hoddie ရဲ့ စျေးကတော့ $350 ပါတဲ့နော်။

Kendall Jenner ကတော့ ဒီ Hoodie ကို ဝတ်ဆင်လိုက်တဲ့အခါမှာ လက်ကိုအဆုံးထိချပြီး သူမရဲ့လက်ချောင်းတွေကို မမြင်ရအောင်ဖုံးအုပ်ထားလို့ လူတွေရဲ့အမြင်မှာ ထူးဆန်းပြီး ရယ်စရာဟာသတစ်ခုလို့ ဖြစ်သွားစေခဲ့ပေမယ့် တချို့ကတော့ Brand ရဲ့ ဒီဇိုင်းကိုသိပြီးသားဖြစ်လို့ must-have လို့တောင် market ထဲမှာ တင်စားခဲ့ပါသေးတယ်။

 

Leave a Reply:

Your email address will not be published. Required fields are marked *