Kate Middleton ရဲ့ မင်္ဂလာဝတ်စုံပုံစံကို ပြန်လည်ဖန်တီးလိုက်တဲ့ H&M

April 4, 2018

ဒီနှစ်ထဲမှာ မင်္ဂလာဆောင်ဖို့ ရည်ရွယ်ထားတယ်ဆိုရင်တော့ H&M ကထုတ်လိုက်တဲ့ Wedding dress ကို သတိရသင့်ပါတယ်။ H&M က မင်္ဂလာဝတ်စုံလေးတွေကို မြင်လိုက်တာနဲ့ တကယ်ကြိုက်နှစ်သက်သွားမှာလည်း အသေချာပါဘဲ။ အခုနောက်ပိုင်း H&M ကနေ ထက်မံမိတ်ဆက်ပေးလိုက်တဲ့ မင်္ဂလာဝတ်စုံကတော့ Kate Middleton ဝတ်ဆင်ခဲ့သော မင်္ဂလာဝတ်စုံကို ပုံစံတူပြန်လည်ဖန်တီးထုတ်လုပ်ထားတာဖြစ်တယ်လို့ ဆိုနေကြပါတယ်။ စျေးနှုန်းအရလည်း $299 ဆိုတော့ သတို့သမီးတစ်ယောက်အတွက် ရွေးချယ်သင့်တဲ့ထဲမှာ ပါဝင်နေတာတော့ သေချာပါတယ်။ 

Kate Middleton ဝတ်ဆင်ခဲ့တဲ့ dress ကတော့ Alexander McQueen ကဖြစ်ပြီး အခု H&M ကနေ အင်္ကျီလက်ပုံစံနဲ့ လည်ပင်း V shape ပုံစံတူ ထုတ်လုပ်လိုက်တာကို တွေ့ရပါတယ်။ ဂါဝန်လေးရဲ့ ဒီဇိုင်းကလည်း ရိုးရိုးလေးနဲ့ ဆန်းတာမို့ ဒီနှစ်ထဲမှာ မင်္ဂလာဆောင်ဖို့ အစီစဉ်ဆွဲထားတယ်ဆိုရင် အရည်သွေးလည်းကောင်း၊ စျေးနှုန်းလည်း သင့်တင့်တဲ့ H&M ဒီဝတ်စုံလေးကိုလည်း ရွေးချယ်သင့်တယ်လို့ အကြံပြုလိုပါတယ်။

Leave a Reply:

Your email address will not be published. Required fields are marked *