သေဆုံးသွားသော Kate Spade

June 6, 2018

Kate Spade ဆိုတာနဲ့ International brand တစ်ခုဖြစ်တဲ့ Kate Spade ကို ပြေးမြင်မိမှာ သေချာပါတယ်။ ဒါပေမဲ့ ဒီ Kate Spade ရယ်လို့ဖြစ်လာအောင် Kate Spade ပဲ့ကိုင်ရှင်တစ်ဦး brand designer လည်းဖြစ် ပိုင်ရှင်ဆိုလည်း ဟုတ်တဲ့ Kate Spade လို့ခေါ်တဲ့ Kate Valentine ကိုလည်း မမေ့သင့်ပါဘူး။

ဒါပေမဲ့ အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ Kate Valentine ကတော့ New York မှာရှိတဲ့ သူမနေထိုင်ရာ apartment တခုမှာ suicide လုပ်ပြီးသေဆုံးနေတာကို ဇွန်လ ၅ ရက်နေ့မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူမသေဆုံးနေတာကို Park Avenue မှာရှိတဲ့ housekeeping staff တစ်ဦးက မနက် 10:20 am လောက်မှာတွေ့ရှိခဲ့တာဖြစ်ပြီး သမီးဖြစ်သူရဲ့ လိပ်စာကိုရေးခဲ့တာတွေ့ရှိရပါတယ်။ ဥပဒေစစ်ဆေးချက်တွေအရ suicide လုပ်လို့ သေဆုံးခဲ့တယ်ဆိုတာ ထင်ရှားနေကြောင်းလည်း သိရပါတယ်။

သူမရဲ့ Kate Spade brand ကိုတော့ ၁၉၉၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ဖိနပ်၊ မျက်မှန်၊ အဝတ်အထည်၊ ရေမွှေးမျိုးစုံနဲ့ တခြားအသုံးဆောင်ပစ္စည်းများစွာကို ထုတ်လုပ်လာခဲ့တာကြောင့် အလျင်အမြန်လူသိများလာတဲ့ brand တစ်ခုလည်း ဖြစ်ပါတယ်။ ၂၀၁၇ မှာတော့ Kate Spade ကို $2.4 billion နဲ့ Coach ဆီကို ရောင်းချခဲ့တယ်လို့လည်း သိရပါတယ်။ New York မှာတော့ Kate Spade ဆိုင်စုစုပေါင်းခန့်မှန်းခြေ ၁၄၀ ကျော်ရှိပြီး နိုင်ငံပေါင်းများစွာမှာ ဖွင့်လှစ်ထားတဲ့ ဆိုင်အရေအတွက်ဟာဆိုရင် ၁၇၅ ဆိုင်ကျော်ရှိပြီး ဖြစ်ပါတယ်။ ဘာဘဲဖြစ်ဖြစ် Kate Spade တစ်ယောက် ကောင်းရာဘုံဘဝမှာ အေးချမ်းစွာနေနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

RIP – Kate Spade/ Kate Valentine

Leave a Reply:

Your email address will not be published. Required fields are marked *