အရပ်ရှည်တဲ့ မိန်းကလေးတွေ ဝတ်ဆင်သင့်သော Jean Pants ဒီဇိုင်းများ

April 3, 2018

ဂျင်းဘောင်းဘီတွေ ဝတ်ဆင်တဲ့အခါ ကိုယ်နဲ့လိုက်ဖက်တဲ့ ဒီဇိုင်းမျိုးကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ ဂျင်းတွေဟာ လူတိုင်းနဲ့လိုက်ဖက်တယ်ဆိုပေမယ့် လူတစ်ယောက်ရဲ့ အရပ်အမောင်းနဲ့လည်း သက်ဆိုင်ပါသေးတယ်။ ဒီချိန်မှာတော့ အရပ်ရှည်တဲ့ မိန်းကလေးတွေဟာ lucky girl လို့ဆိုလို့ရနိုင်ပါတယ်။ ဂျင်းဘောင်းဘီဒီဇိုင်းတော်တော်များများဟာ သူတို့နဲ့ လိုက်ဖက်လို့ပါ။ ကဲဒါဆို ဘယ်လို jean ဒီဇိုင်းတွေလည်း ကြည့်လိုက်ရအောင်နော်။ 

ဒီလို ဒီဇိုင်းလေးကတော့ အရပ်ရှည်တဲ့ မိန်းကလေးတွေနဲ့ အလိုက်ဖက်ဆုံးပေါ့။ ဘောင်းဘီရဲ့ အောက်ပိုင်းကကို ခေါက်ဝတ်ရတဲ့ ဒီဇိုင်းလေးမို့ အရပ်ရှည်တဲ့ မိန်းကလေးတွေ ဝတ်ဆင်မယ်ဆိုရင်တော့ ပိုပြီးလိုက်ဖက်မှာ သေချာပါတယ်။

  

နောက်တစ်မျိုးကတော့ ခန္ဓာကိုယ်ကို fit ဖြစ်တဲ့ skinny jean တွေဟာလည်း အရပ်ရှည်တဲ့ မိန်းကလေးတွေဝတ်ဆင်ရင် တော်တော်လေးကြည့်ကောင်းပါတယ်။ ခန္ဓာကိုယ်ပေါ်လွင်ပြီး ကပ်ကပ်ရပ်ရပ်နဲ့ ကြည့်ကောင်းနေစေမယ့် ဒီဇိုင်းဖြစ်ပါတယ်။

  

ဒီလိုမျိုး ဂျင်းပွပွလေးတွေကလည်း အရပ်ရှည်တဲ့ မိန်းကလေးတွေသာ ဝတ်ဆင်လိုက်မယ်ဆိုရင် smart ကျကျ fashion နဲ့ လှပနေမှာ သေချာပါတယ်။ 

  

ဒီလို တခေတ်တခါက ခေတ်စားခဲ့တဲ့ ခေါင်းလောင်းဘောင်းဘီတွေဟာ  အရပ် ၅ပေ ၆လက်မ/၈လက်မ ရှည်တဲ့ မိန်းကလေးတွေသာ ဝတ်လိုက်မယ်ဆိုရင်တော့ မြင်သူတိုင်းအားကျနေစေမှာ သေချာပါတယ်။

  

နောက်ဆုံးပြချင်တဲ့ ဒီလိုဂျင်းလေးကတော့ အရပ်ရှည်တဲ့သူတွေနဲ့ အင်မတန်လိုက်ဖက်တဲ့ ဒီဇိုင်းပါ။ ဒီလိုလေးဝတ်ပြီး ဒေါက်လေးစီးမှ ပိုလှတာမို့ ဒါမျိုးလေးကိုသာ style ကျကျ ဝတ်ဆင်လိုက်မယ်ဆိုရင်တော့ မြင်သူတိုင်းငေးနေမှာ သေချာပါတယ်။ 

  

ဒီဒီဇိုင်းလေးတွေ အားလုံးကတော့ H&M ကဖြစ်ပါတယ်နော်။

Leave a Reply:

Your email address will not be published. Required fields are marked *