အသက် ၄၅နှစ်ကျော် အမျိုးသမီးရဲ့ Skin care ထိန်းသိမ်းပုံနှင့် သူမ၏ကိုယ်ပိုင် Brand
March 8, 2018

Singaporean အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ Jamie Chua ကိုတော့ သိပြီးသားဖြစ်မှာပါနော်။ ရှေ့အပတ်တွေတုန်းကလည်း သူမနဲ့ပတ်သက်ပြီး သူမရဲ့ဘဝနေထိုင်ပုံ အကြောင်း သူမရဲ့မိသားစုနဲ့ သားသမီးတွေအကြောင်းကို မိတ်ဆက်ပေးပြီးပြီးဖြစ်လို့ ဒီတခါတော့ သူမရဲ့ကိုယ်ပိုင်စီးပွားရေးနဲ့ အသက် ၄၅ နှစ်အမျိုးသမီးတစ်ယောက်ရဲ့ အသားရေထိန်းသိမ်းပုံတွေအကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
အသက် ၄၅ နှစ် ကလေးနှစ်ယောက်အမေဖြစ်တဲ့ သူမရဲ့အလှနဲ့ နုပျိုနေပုံကတော့ အံ့သြလောက်စရာပါဘဲ။ ငွေကြေးပြည့်စုံတဲ့ သူတစ်ယောက်မို့ဆိုရင်လည်း မမှားပါဘူး။ သူမကတော့ သူရဲ့အသားရေနဲ့ပတ်သက်ပြီး တစ်လကို ဒေါ်လာ $14,000 လောက် သုံးစွဲလေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ fashion နဲ့ တခြားအလှအပ cosmetic တွေထက် skincare ဘက်ကိုဘဲ အမြဲလိုလိုပိုဂရုစိုက်ဖြစ်တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူမရဲ့အသားရေအတွက် အစားအသောက်ပိုင်းကိုလည်း အရေးပေးဖြစ်သလို အပတ်တိုင်း massages နဲ့ hair treatment ကို မဖြစ်မနေလုပ်ဆောင်ပေးလေ့ရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။
Body Shaping treatment, $1,100
Hair Growth Therapy, $250 for 30min
Facial Treatment, $588 for 60min
Rejuvenating Massage, $220 for 60min
သူမဟာ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြစ်တဲ့ Luminous1 ဆိုတဲ့ skincare brand တစ်ခုကိုလည်း တည်ထောင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ ဒီ skincare line ကိုတည်ထောင်ထားရခြင်း ရည်ရွယ်ချက်ကတော့ သူမကိုယ်တိုင်ကလည်း အသား၍ရေနဲ့အလှအပကို စိတ်ဝင်စားလို့ တခြားအမျိုးသမီးတွေကိုလည်း နေ့စဉ်အသားရေနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် လှပပြောင်းလဲသွားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။