၂၀၁၈ ရဲ့ Instagram Follower အများဆုံး Celebrity များ

May 6, 2018

နိုင်ငံတကာမှာ လူသုံးအများဆုံး social media တစ်ခုဖြစ်တဲ့ Instagram ကိုတော့ အခုချိန်မြန်မာနိုင်ငံမှာပါ တွင်တွင်ကျယ်ကျယ်နဲ့ လူသုံးများလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် တခြားနိုင်ငံတွေမှာတော့ Instagram ကို ဟိုးအရင်ကတည်းက တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။ Instagram မှာတော့ နိုင်ငံတကာက အားပေးခံရတဲ့ hollywood အနုပညာရှင်တွေကသာ Follower အများဆုံးနဲ့ ထိပ်ဆုံးကနေရာယူထားကြပါတယ်။ ဒါကြောင့်မို့ ဒီ ၂၀၁၈ ခုနှစ်မှာတော့ Follower အများဆုံး Top 10 list မှာ နေရာယူထားတဲ့ Celebrity များကို ဖော်ပြပေးလိုက်ချင်ပါတယ်။

နံပါတ်တစ်အနေနဲ့ နေရာယူထားတဲ့ အနုပညာရှင်ကတော့ အားလုံးရဲ့အချစ်တော် ကမ္ဘာကျော်အဆိုတော် Selena Gomez ဘဲဖြစ်ပါတယ်။ သူမကတော့ အမျိုးသား၊ အမျိုးသမီး၊ အပျို၊ လူပျိုမရွေး ကြိုက်နှစ်သက်ရတဲ့ အဆိုတော်တစ်ဦးဖြစ်တာကြောင့် ယခုလက်ရှိမှာ Follower 136 Million နဲ့ရပ်တည်နေတာဖြစ်ပါတယ်။

နံပါတ်နှစ်နေရာယူထားတဲ့ Celebrity ကတော့ Cristiano Ronaldo ဖြစ်ပါတယ်။ Ronaldo ကတော့ ကလေးကနေ လူကြီးထိ အသက်ရွယ်မရွေး အမျိုးသားအများစုအားကျရတဲ့ ကမ္ဘာကျော်ဘောလုံးသမားတစ်ဦးဖြစ်ပြီး အမျိုးသမီးတွေ သဘောကျနှစ်သက်ရတဲ့ အမျိုးသားတစ်ဦးဖြစ်ပါတယ်။ ကမ္ဘာကျော်ဘောလုံးသမားများစွာထဲမှာ ပရိသတ်အခိုင်အမာရရှိထားတဲ့ ဘောလုံးသမားတစ်ဦးဆိုလည်း မမှားပါဘူး။ အခုချိန်မှာတော့ Ronaldo ဟာ Instagram Follower 125 Million နဲ့ရပ်တည်နေပါတယ်။

တတိယမြောက်အနေနဲ့ Instagram Follower အများဆုံးအဖြစ် ရပ်တည်နေတဲ့ သူကတော့ ကမ္ဘာကျော်နာမည်ကြီးအဆိုတော်တစ်ဦးဖြစ်တဲ့ Ariana Grande ပါ။ သူမရဲ့သီချင်းတွေကတော့ အရမ်းအောင်မြင်ပြီး လူကြီးလူငယ်လူလတ်ပိုင်းတွေ အကုန်လုံးကို ဆွဲဆောင်ထားနိုင်တဲ့ထိ အောင်မြင်တဲ့ သူတစ်ယောက်ပါ။ ယခုလက်ရှိမှာတော့ Instagram Follower 118 Million နဲ့ Top 10 list တတိယမြောက်နေရာမှာ နေရာယူထားပါတယ်။

နံပါတ် (၄) နေရာမှာ နေရာယူထားတဲ့ အနုပညာရှင်ကတော့ Beyonce ဖြစ်ပါတယ်။ သူမကတော့ ဒီနေ့ထက်ထိ နှစ်ပေါင်းများစွာတိုင်အောင်မြင်ကျော်နေတဲ့ အဆိုတော်တစ်ဦးဖြစ်သလို သူမရဲ့အောင်မြင်တဲ့ အချစ်ရေးကြောင့် လူတိုင်းအားကျသတိထားနေရတဲ့ အဆိုတော်တစ်ဦးဆိုလည်း မမှားပါဘူး။ ယခုလက်ရှိမှာ သူမကတော့ Instagram Follower 114 Million နဲ့ နေရာယူထားပါတယ်။

နံပါတ် (၅) နေရာမှာ နေရာယူထားတဲ့ သူကတော့ Kim Kardashian ဘဲဖြစ်ပါတယ်။ သူမကတော့ body နဲ့ပတ်သက်ပြီး ကောက်ကြောင်းအလှကို အမြဲဖော်ပြပေးနေကျသူဖြစ်လို့ လူတော်တော်များများသတိပြုခံနေရတဲ့ Model တစ်ဦးလည်းဖြစ်ပါတယ်။ သူမကတော့ Kylie Jenner နဲ့ အမတူ အဖေကွဲ ညီမတွေလည်းဖြစ်ပါတယ်။ သူမကတော့ ယခုလက်ရှိ Instagram Follower 110 Million နဲ့ နေရာယူထားပါတယ်။

Top 10 list မှာ ၆ယောက်မြောက် နေရာယူထားတဲ့ အနုပညာရှင်ကတော့ မကြာသေးခင်ကဘဲ ပူပူနွေးနွေးမိခင်ဖြစ်ထားတဲ့ Kylie Jenner ဖြစ်ပါတယ်။ သူမကတော့ ချစ်စရာသမီးလေးကို ပိုင်ဆိုင်ထားပြီး အရမ်းပျော်ရွှင်နေပါတယ်။ ကလေးအမေဖြစ်သွားပေမယ့်လည်း fan တွေကတော့ အခုချိန်ထိ မိခင်ရော ကလေးကိုပါ အားပေးဝန်းရံနေဆဲဖြစ်ပြီး အခုချိန်မှာတော့ Instagram Follower 108 Million နဲ့ နေရာယူထားပါတယ်။

၇ယောက်မြောက်နေရာယူထားတဲ့ သူလေးကတော့ အားလုံးရဲ့အချစ်တော် ကမ္ဘာကျော်အဆိုတော့ Taylor လေးဘဲဖြစ်ပါတယ်။ သူမကတော့ လက်ရှိမှာ သီချင်း album အသစ်တွေကို ထွက်ရှိထားတာမကြာသေးဘဲ ပရိသတ်အခိုင်မာနဲ့ အားပေးမှုအများအပြား ရရှိထားပါတယ်။ သူမကတော့ လက်ရှိမှာ Instagram Follower 107 Million နဲ့ နေရာယူထားပါတယ်။

Top 10 list ရဲ့ နောက်ဆုံးကျန်ရှိနေတဲ့ ၃ယောက်မှာ ၈ယောက်မြောက်နေရာကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်ကတော့ The Rock လို့လူသိများတဲ့ Dwayne Johnson ဖြစ်ပါတယ်။ The Rock ကတော့ ဒီ ၂၀၁၈ ခုနှစ်မှာ ရုပ်ရှင်ဇာတ်လမ်းအများပြားကို ပရိသတ်တွေလက်ထဲချပြနိုင်ခဲ့ပြီး တစ်ကားနဲ့တစ်ကားမတူညီတဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ ပရိသတ်ရဲ့ရင်ထဲကို အခိုင်အမာနေရာယူထားဆဲဖြစ်ပါတယ်။ လက်ရှိအမျိုးသားအနုပညာရှင်တွေရဲ့ ရှေ့မှာ Instagram Follower 105 Million နဲ့ နေရာယူထားပါတယ်။

ဒီတခါတော့ အားလုံးစောင့်မျှော်နေကြတဲ့ ကမ္ဘာကျော်အဆိုတော့ Justin Bieber ဘဲဖြစ်ပါတယ်။ Bieber ကတော့ Top 10 list ရဲ့ ၉ယောက်မြောက်နေရာကို ပိုင်ဆိုင်ထားသူတစ်ဦးပါ။ Bieber ရဲ့အောင်မြင်မှုကတော့ အထွေထူးပြောပြနေစရာလိုမယ် မထင်တော့ပါဘူး။ လက်ရှိမှာတော့ Instagram Follower 99.2 Million နဲ့ နေရာယူထားပါတယ်။

Top 10 list ရဲ့ Follower အများဆုံးအဖြစ် နောက်ဆုံးကျန်ရှိနေတဲ့ သူကတော့ ဒီတခါလည်း ကမ္ဘာကျော်ဘောလုံးသမား တစ်ဦးဖြစ်ပါတယ်။ သူရဲ့အောင်မြင်မှုကတော့ အမျိုးသားအများစုရဲ့ ပါးစပ်ဖျားမှာ ရေးပန်းစားကျော်ကြားအောင်မြင်နေတဲ့ သူတစ်ဦးပါ။ သူကတော့ Neymar Jr ဖြစ်ပါတယ်။ Neymar ကတော့ လက်ရှိ Instagram အသုံးပြုသူ နာမည်ကျော်အမျိုးသားတွေထဲမှာ Follower 92.6 Million နဲ့ Top 10 list မှာနေရာယူထားတာကို တွေ့ရပါတယ်။

ကဲ ဒါဆိုရင်တော့ တစ်ကမ္ဘာလုံးရဲ့ အားပေးခြင်းကို ပိုင်ဆိုင်ထားသော ပရိသတ်အခိုင်အမာရရှိထားတဲ့ အနုပညာရှင် ၁၀ယောက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ သူငယ်ချင်းတို့လည်း Top 10 list ထဲမှာပါဝင်နေတဲ့ သူတွေထဲက Follow မလုပ်ရသေးတဲ့သူများရှိခဲ့ရင် အပြေးအလွှာလေး Follow ထားဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Leave a Reply:

Your email address will not be published. Required fields are marked *