ပါးလွှာလွန်းတဲ့ အသားကပ်ဘောင်းဘီတွေကို အခက်ခဲမရှိအောင် ဝတ်ဆင်နည်းများ

January 24, 2018

အမျိုးသမီးတွေအတွက် အခုနောက်ပိုင်း အရွယ်မရွေးအသုံးများလာပြီး ရှိထားသင့်တဲ့ ပစ္စည်းတစ်ခုကတော့ pantyhose လို့ခေါ်ကြတဲ့ အသားကပ်ဘောင်းဘီတွေဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အသားကပ် stocking လို့ခေါ်ကြပါသေးတယ်။ ဒါပေမဲ့ ဒီလို pantyhose တွေက ပါးလွန်းတဲ့ အတွက်ကြောင့် အမျိုးသမီးတွေအနေနဲ့ ကြုံတွေ့ရတဲ့ အခတ်ခဲတွေကတော့ အဆင်းကြောင်းတွေထင်ပြီး ရိပြဲလာတွေကို ကြုံတွေရတာပါ။ နည်းနည်းလေးမှ အမှားခံလို့ မရလို့ တချို့တွေကျလည်း ဝတ်ရမှာကို ယုံကြည်မှု မရှိကြပြန်ဘူး။ ဒါကြောင့်မို့ ဝတ်ချင်ပေမယ့် အခက်အခဲတွေ ကြုံတွေ့နေရတဲ့ အမျိုးသမီးများအတွက် ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာကို ရွေးချယ်တင်ပြပေးလိုက်ပါတယ်။

ပထမအဆင့်အနေနဲ့ လွယ်ကူစွာ ဝတ်ဆင်လို့ရအောင်  ခြေထောက်မှာ moisturizer များများလိမ်းထားသင့်ပါတယ်။

နောက်ထပ်သတိထားရမှာကတော့ ဝတ်ဆင်မယ့်သူရဲ့ လက်သည်းတွေ ရှည်နေလို့ မရပါဘူး။ လက်သည်းတွေရှည်နေရင် ငြိပြီးပြဲတတ်ပါတယ်။ ပြီးရင်တော့ pantyhose တွေဟာ အပေါ်ယံငြိတာနဲ့ တစ်လျှောက်လုံးပြဲတတ်တာကြောင့်ပါ။

မဝတ်တော့လို့ လျှော်ဖွတ်မယ်ဆိုရင်လည်း သေချာဂရုတစိုက်နဲ့ လျှော်ဖွတ်ပေးသင့်ပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာ လှန်းပေးသင့်ပါတယ်။

pantyhose ဝတ်ဆင်မယ်ဆိုရင် ညာဘက်ခြေထောက်ကနေ အရင်ဆုံးဝတ်ဆင်ပေးရပါ့မယ်။ ဝတ်ဆင်တဲ့အခါမှာ အရင်းနဲ့အဆုံးကို ကိုင်ပြီး ခြေချောင်းကနေတင်ပါးထိ လွယ်ကူစွာဝတ်ဆင်နိုင်ပြီး အခက်ခဲတွေကို မကြုံတွေနိုင်တော့ပါဘူး။

ဒါဆိုရင်တော့ pantyhose ဝတ်ချင်ပြီး အခက်ခဲတွေကြောင့် စိတ်ညစ်နေတယ်ဆိုရင်တော့ အပေါ်မှာဖော်ပြထားတဲ့ အချက်လေးတွေကို လိုက်နာကျင့်သုံးပြီး ဝတ်ဆင်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ အဆင်ပြေမယ်လို့လည်း မျှော်လင့်ပါတယ်နော်။

Leave a Reply:

Your email address will not be published. Required fields are marked *