နေကာမျက်မှန်ကို အထာကျအောင် ရွေးတတ်ပြီလား?

April 2, 2018

ပွင့်လင်းရာသီဖြစ်တဲ့ နွေရာသီရောက်ပြီဆိုတော့ ပျိုတို့ခရီးတွေသွားဖို့များ ပြင်ဆင်နေကြပြီလားဝေ့။ ခရီးတွေမသွားဖြစ်သေးဘူးဆိုရင်တောင် ဟိုဟိုဒီဒီအပြင်ထွက်ရင် နေလောင်ကာတဲ့ sun cream လိမ်းဖို့နဲ့ ကိုယ့်မျက်လုံးလေးတွေကိုကာကွယ်ဖို့ နေကာမျက်မှန်လေးတွေကိုမမေ့ပါနဲ့နော်။

နေကာမျက်မှန်တွေဟာ ပျိုတို့အတွက် မျက်လုံးတွေကိုကာကွယ်ပေးရုံသာမက ဖက်ရှင်ပိုင်းဆိုင်ရာမှာလဲ အထာကျအောင် ထောက်ပံ့ပေးနိုင်တဲ့ အဆင်တန်ဆာတစ်ခုပါနော်။ အရင်တုန်းကတော့ သိပ်ပြီးရွေးချယ်စရာမရှိခဲ့ဘူးလို့ဆိုနိုင်ပေမယ့် ခုနောက်ပိုင်းမှာတော့ ကိုယ်လိုချင်တဲ့ပုံစံကို ပါဝါတွေ၊ UV ကိုသေချာကာကွယ်ပေးနိုင်အောင် လုပ်ယူလို့ရနိုင်တဲ့အပြင် ရွေးချယ်စရာဒီဇိုင်းတွေကလဲ အများကြီးရှိနေပြီဆိုတော့ ကိုယ်နဲ့ သေချာလိုက်ဖက်တဲ့ မျက်မှန်လေးတစ်လက်လောက်တော့ ဆောင်ထားသင့်တယ်လို့ အကြံပေးချင်ပါတယ်။

ကဲ ဘယ်လိုပုံစံလေးတွေကိုရွေးကြမလဲခေါင်းစားနေတယ်ဆိုရင်တော့ အောက်မှာပြထားတဲ့ပုံစံလေးတွေကိုကြည့်ပြီး ရွေးလိုက်ပါနော်။

This slideshow requires JavaScript.

မျက်မှန်ဝယ်တဲ့အခါမှာလဲ ကိုယ့်မျက်နှာကအဝိုင်းဆို အဝိုင်းပုံမျက်မှန်မရွေးပါနဲ့ဘာနဲ့ ဆိုတဲ့ rules တွေမေ့ထားလိုက်ပါ။ အတတ်နိုင်ဆုံး မျက်မှန်တိုင်းကို တပ်ကြည့်ပြီး စိတ်တိုင်းကျရွေးချယ်ပါ။ ကိုယ့်မျက်နှာနဲ့ ဘယ်လိုမျက်မှန်ကလိုက်တယ်ဆိုတာ မတပ်ကြည့်ပဲ မသိနိုင်တာမို့ များများစမ်းတပ်ကြည့်လေ ကောင်းလေလို့ အကြံပေးချင်ပါတယ်။

ကဲ…. နေကာမျက်မှန်လေးတွေနဲ့ အထာကျကျလှနိုင်ကြပါစေနော်….?

Leave a Reply:

Your email address will not be published. Required fields are marked *