Logo တွေအပြည့်နဲ့ Hailey Baldwin ရဲ့ ဖက်ရှင်အသစ်

January 23, 2019

မတ်လမှာ မင်္ဂလာပွဲကျင်းပတော့မယ့် Justin Bieber ရဲ့ ဇနီး Hailey Baldwin ကို ၂၀၀၀ ခုနစ်အစောပိုင်းက ဖက်ရှင်စတိုင်နဲ့ အပြင်ထွက်လာတာကို တွေ့ခဲ့ရပါတယ်။ Hailey Baldwin အခုလို ဝတ်ဆင်ထားတာကို ကြည့်ခြင်းအားဖြင့် ၂၀၀၀ ခုနစ် က ဖက်ရှင်တွေ ပြန်လည်ခေတ်စားလာနိုင်မလားဆိုပြီး အားလုံးက မေးခွန်းတွေ ထုတ်နေကြပြီ။ တချို့ဖက်ရှင်တွေဆိုရင် တကယ်လည်း ပြန်ခေတ်စားလာတာကို အားလုံးလည်း သိကြမှာပါ။

သူမရဲ့အခုဖက်ရှင်ကတော့ cross top ကို ဂျင်းဘောင်းဘီအရှည်အပြင် ရှုးဖိနပ်အရှည်ကိုပါ လိုက်ဖက်အောင် ဝတ်ဆင်ထားကာ Cross Top အပေါ်မှာ logo အပြည့်ပါတဲ့ LV ဂျက်ကတ်အင်္ကျီလက်ရှည်ကို တွဲဖက်ဝတ်ဆင်ထားတာ ဖြစ်ပါတယ်။ သူမရဲ့ ဒီဇိုင်းဟာ ခေတ်သစ်ဒီဇိုင်းမဟုတ်ပါဘူး။ ၂၀၀၀ ခုနစ်က အရမ်းခေတ်စားခဲ့တဲ့ ဒီဇိုင်းတစ်မျိုးပါ။

Hailey ဝတ်ဆင်တဲ့ Fashion နဲ့ ပတ်သက်ပြီး LV ဂျက်ကတ်အင်္ကျီလိုမျိုး full logo တွေအများကြီးပါတဲ့ style ကို LV အပြင် တန်ဖိုးကြီးနာမည်ကျော် brand တွေဖြစ်တဲ့ Fendi နဲ့ Gucci တို့ရဲ့ အိတ်တွေမှာလည်း တွေ့ရပါတယ်။ သူမ အခုလို ဝတ်ဆင်လိုက်ခြင်းဖြင့် ဈေးကွက်ထဲမှာ တကူးတက မိတ်ဆက်စရာမလိုလောက် လူသိများလာတာကိုလည်း တွေ့ရပါတယ်။

ဒီ LV ဂျက်ကတ်ကို စဝတ်ခဲ့တဲ့ သူကတော့ နာမည်ကျော်မော်ဒယ် Kate Moss ပါ။ Kate ဟာ ဒီဝတ်စုံကို Vuitton’s Fall 2018 မှာ ဝတ်ဆင်ခဲ့ပြီး catwalk လျှောက်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ French fashion house အတွက် ဒီဇိုင်နာ Kim Jones ရဲ့ နောက်ဆုံး ထွက်ရှိထားတဲ့ collection တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

Ref : https://www.vogue.com/

Leave a Reply:

Your email address will not be published. Required fields are marked *