ဝက်ဘ်ဆိုက်ပျက်သွားလောက်တဲ့ထိ လူစိတ်ဝင်စားခံနေရတဲ့ Meghan Markle ရဲ့ ဝတ်စုံ

May 25, 2018

တော်ဝင်မင်းသားနဲ့ လက်ထပ်ပြီး ပထမဆုံးအကြိမ် မင်းသားရဲ့ဇနီးတစ်ယောက်အနေနဲ့ ယောက်က္ခထီးဖြစ်သူ Prince Charles ရဲ့ အသက် ၇၀ ပြည့်မွေးနေ့ကို တက်ရောက်လာခဲ့တဲ့ မင်းသမီး Meghan ရဲ့ ဖက်ရှင်ကို တကမ္ဘာလုံးက အရမ်းစိတ်ဝင်စားခဲ့ကြပါတယ်။ အဓိကတော့ ပူပူနွေးနွေး တော်ဝင်မင်းသမီးတစ်ယောက်ရဲ့ ဖက်ရှင်ကို စိတ်ဝင်စားကြတယ်လို့ ထင်မိပါတယ်။

အဲ့ဒီနောက် Meghan ဝတ်ဆင်ခဲ့တဲ့ ဖက်ရှင်ကို Goat Fashion ကဆိုပြီး သိသိချင်းမှာဘဲ ထောင်ပေါင်းများစွာသော လူတွေက Goat Fashion ရဲ့ website ကို ဝင်ကြည့်ကြရာမှာ ကြည့်ရှုသူဦးရေအလွန့်အလွန်များပြားလွန်းတာကြောင့် သတ္တဝါနဲ့ လက်နက်နဲ့မမျှဖြစ်သွားပြီး ဝက်ဆိုက်လေးခမျာ ၁နာရီနီးပါး crash ဖြစ်သွားခဲ့ပါတယ်။ Meghan ရဲ့ဝတ်စုံဟာ £590 တန်ဖိုးရှိပြီး  လောလောဆယ် သူတို့ရဲ့အရောင်း website မှာအနက်ရောင် FLAVIA DRESS ကိုသာတွေ့ရပါတော့တယ်။ Goat Fashion ရဲ့ အဓိကထုတ်ကုန်ကတော့ ဆိတ်ရဲ့အလွန်နူးညံ့တဲ့ သားမွှေးမျိုးနဲ့ပြုလုပ်တဲ့ ဖက်ရှင်တွေကို ထုတ်လုပ်တာဖြစ်ပါတယ်။

FLAVIA DRESS – £590

  

  

Leave a Reply:

Your email address will not be published. Required fields are marked *