Vogue Eyewear အသစ်တွေကို ထုတ်လုပ်လိုက်တဲ့ Gigi Hadid

May 29, 2018

Gigi Hadid တစ်ယောက် Zayn နဲ့ပျက်ပြီးနောက်ပိုင်း အလုပ်ကို ပိုအရေးပေးလာတာ တွေ့ရပါတယ်။ သူမအနေနဲ့ Brand တော်တော်များနဲ့ collaboration တွေလုပ်ခဲ့ဖူးပြီး ဒီတခါတော့ Vogue eyewear နဲ့ ပေါင်းပြီး မျက်မှန် collection အသစ်ကို ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ သူမရဲ့ ဒီဇိုင်းတွေကတော့ အားလုံးသိတဲ့အတိုင်းပါဘဲ ဆန်းသစ်ပြီး ဒီဇိုင်းခပ်မိုက်မိုက်လေးတွေမို့ မိန်းကလေးအများစု ကြိုက်နှစ်သက်တဲ့ ဒီဇိုင်းလေးတွေလည်း ဖြစ်ပါတယ်။

Gigi ကတော့ Maybelline, Tommy Hilfiger တို့လို brand တွေနဲ့လည်း ဒီနေ့ထိ လက်တွဲနေဆဲပါ။ Cardi B ကိုယ်တိုင်လည်း Gigi ရဲ့ မျက်မှန်ဒီဇိုင်းတွေကို ကြိုက်နှစ်သက်လို့ သူမရဲ့ MTV တစ်ခုမှာ တပ်ဆင်ထားတာ တွေ့ရပြီး Gigi ကတော့ instagram ကနေတဆင့် ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ ဒီတော့ Gigi ရဲ့ ဒီဇိုင်းဆန်းဆန်းလေးတွေကို တချက်ရှိုးလိုက်ရအောင်….

Leave a Reply:

Your email address will not be published. Required fields are marked *